ရွာချလိုက်တော့မိုး
သူက ရွာသွန်းပြီး တိတ်ဆိတ်သွားလိုက်တာ
မြေငွေ့ရနံ့လေးတွေ လွင့်ပျံ့ပြီး
ကျွန်တှော့ကို ထားရစ်ခဲ့
ကြိုးမရှိတဲ့ ဂစ်တာတစ်လက်ရဲ့ အသံကို
ဘယ်သူတွေ နားလည်မလဲ
မိုးသားများ တရိပ်ရိပ်ပြိုကျ
သည်းကြီးမည်းကြီးရွာချခဲ့တော့ ကောင်မလေး
အဆက်အသွယ်တွေဝေးကြလည်း
ငါ့ပတ်ဝန်းကျင်က ဆွေးဆွေးမြေ့မြေ့
ခူးဆွတ်မယ့်သူမရှိတဲ့ ပန်းများဘဝမှာ
လွင့်ကြွေခြင်း ဆိုတာ
ဘယ်သူမှ မကြားသိနိုင်တဲ့ကဗျာ
အသံမသာခဲ့သောဂီတ
အလွမ်းတွေကို ငါသတိတရ သိမ်းထားတယ်
ရုပ်ရှင်လက်မှတ်လေးနှစ်စောင်နဲ့
မြေပြင်မှာ တစ်ခါမှ မပွင့်ခဲ့ရတဲ့ ပန်းတစ်ပွင့်
ပျှောရွှင်စွာ ပွင့်ရဲသော ရက်စွဲတစ်ခု အတွက်ပေါ့
ဝမ်းနည်းစွာ
မနက်ဖြန်ခါတိုင်းဟာ
ငါတို့အတွက် ဘယ်အခါမှ မသေချာခဲ့ပါဘူး။
လင်းဆက်
24 Sept, 2006
Dedicated to M2's by-force weekly Poetry roll! ha ha :P
Technorati Tags: Poem, Nyi Lynn Seck



No response to “26.Sept : ရွာချလိုက်တော့မိုး”
Post a Comment
Trackbacks
Leave a trackback