စိတ်နာသူမှတ်တမ်း
ဘဝမှာ
နည်းပြဆရာမလိုပါဘူး
ရေကူးသင်နေတာမှ မဟုတ်ဘဲ အချစ်ရေ
နစ်ပြီး သေရမယ်ဆိုရင်လည်း
သေပျှောပါတယ်။
ကြည့်စမ်း... ဒီမှာ
သစ်ရွက်ပှေါ မိုးရေစက်ကလေးတစ်စက် ကျလာတဲ့ပုံ၊
ငါကတော့
ဟောဒါ... မုတ်သုန်ရာသီပဲဆိုတာ ယုံတယ်။
အချစ်ရဲ့ ဂုဏ်တှော ကျေးဇူးတှော အဆောင်အယောင်ကို
လှောင်ပြောင်စှောကားရဲတဲ့
ငါ့ရဲ့ ... အမိုက်အမဲမလေးရေ
ကိုယ် ဆိုတဲ့ ခပ်ညံ့ညံ့ငနဲက
မင်းကိုလည်း ယုံခဲ့မိတာပေါ့...။
အလွမ်းနှစ် တစ်ရာအထိ
ကျမ်းသစဿစာ ကျိန်ဆိုလိုက်ဦးမယ်
ကြေကွဲမှုတွေ အကုန်လုံးကိုလည်း
ခုံရုံးမှာ တင်ပြမယ်
ငါက ရှုံးပြီးသား မဟုတ်လား
တရားခွင်ရဲ့ အဆုံးအဖြတ်ကို
ငါ မတောင်းဆိုပါဘူး
ကောင်မလေးရေ
မင်းပေးမယ့် အရှုံးအဖြတ်ပဲ လိုတယ်။
ငါ့ကို အဆုံးသတ် ပေးပါတော့ကွယ်...။
ဘယ်အရာကိုမှ မယုံကြည်တော့တဲ့အထိ
အရာရာကို ယုံကြည်ခဲ့မိသူတစ်ယောက်လေ
ချစ်သူကို ဆဲ
ရေကူးနည်းပြတွေကို ဆဲ နဲ့
« ဒီကောင်...»
ဘဝမှာ ခွေးကူး ကူးရဲဖို့ပဲ လိုတော့တယ်။
မင်းခိုက်စိုးစန်
ဩဂုတ် ၃. ၂၀၀၁
Read more MKSS' poems here : MKSS Collection
Technorati Tags: Min Khaik Soe San, Poem, Myanmar,



No response to “MKSS : စိတ်နာသူမှတ်တမ်း”
Post a Comment
Trackbacks
Leave a trackback