ဟိုးတစ်ခါ ဇီးရိုးတော့ပစ်မှာ ဖတ်မိကတည်းက လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်တာ ဒီတစ်ပါတ် ကျမှပဲ ဒါလေးကို စမ်းဖြစ်တော့တယ်။ တှောတှောကောင်းတယ်။ ဘလော့ခ်ကုဒ်မှာ ထည့်ထားစရာ မလိုဘဲ ဖိုင်းယားဖောက်စ် သုံးနေရင်းနဲ့ ကွန်မန့်တွေကို ထရက်ကင်း လုပ်လို့ရတယ်။ ကျွန်တှော သုံးထားတဲ့ ဟဲလိုစကန်က လောလောဆယ် ဟိုးအရင်က ပိုစ့်တွေကို ကွန်မန့်ပေးရင် ဘယ်တော့ပစ်မှာမှန်း မပြပေးနိုင် သေးတာမို့ တှောတှော ဒုကဿခရောက်ပါတယ်။ အခုတော့ အိုကေသွားပြီ။ ကိုယ့် ဘလော့ခ်က ကွန်မန့်တွေသာမက အခြားသူများရဲ့ ဘလော့ခ်ပိုစ့်တွေမှာ ကိုယ် ကွန်မန့် ချထားမိရင်လည်း စစ်ဆေးနိုင်ပါတယ်။ ကိုယ်က အခြားဘလော့ခ်မှာ သိချင်တာရှိလို့ ကွန်မန့်မှာ မေးထားရင်လည်း အဲဒီဘလော့ခ်က အကြောင်းပြန် လာတာနဲ့ ချက်ခြင်း ကိုယ့်အကောင့်ထဲကို ရောက်လာပြီး ဖတ်ရှု နိုင်ပါတယ်။ ပထမဆုံး အကောင့်တစ်ခု ဖွင့်ရပါမယ်။ ပြီးရင် မီးလျှံမြေခွေး အတွက် အိပ်စတန်းရှင်း သွင်းပေးရပါမယ်။ တခြား ကုဒ်တွေကို သွင်းတာ ထုတ်တာတွေ လုပ်စရာ မလိုပါဘူး။ အဲဒါတွေ လုပ်ပြီးသွားတာနဲ့ ဘယ်ကွန်မန့်ဗောက်စ် မှာမဆို ဒီလိုလေး ပှေါလာမှာ ဖြစ်ပါတယ်။ ကိုယ်စောင့်ကြည့်ချင်တဲ့ ပိုစ့်ဆိုရင် သူ့ရဲ့ ချက်ဗောက်စ်လေးမှာ ကလစ် လုပ်ပေးလိုက်ရုံပါပဲ။

ကွန်မန့်တွေကို ဖွင့်ထားတဲ့ ကိုယ့်အကောင့်မှာ ဒီလိုတွေ့ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အကောင့်ဖွင့်ပါ။ [cocomment]
ပြီးရင် ဒီနေရာမှာ ဖိုင်းယားဖောက်စ် အိပ်စတန်းရှင်း သွင်းပါ။ [extension]

ကွန်မန့်တွေကို ဖွင့်ထားတဲ့ ကိုယ့်အကောင့်မှာ ဒီလိုတွေ့ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အကောင့်ဖွင့်ပါ။ [cocomment]
ပြီးရင် ဒီနေရာမှာ ဖိုင်းယားဖောက်စ် အိပ်စတန်းရှင်း သွင်းပါ။ [extension]
Technorati Tags: Cocomment, Blogging Tool, Comment Tracking



No response to “Cocomment : Comment Tracking”
Post a Comment
Trackbacks
Leave a trackback