ဒီနေ့အထိ ကျွန်တှော့ဆီကို နှုတ်ကတိအားဖြင့် လှူဒါန်းငွေဟာ ကျပ်သိန်း ၈၀ ကျှောသွားပါပြီ။ ပစဿစည်းလှူဒါန်းသူများလည်း ရှိပါတယ်။ အခြေအနေ အရပ်ရပ်ကြောင့် ပိုက်ဆံ မရောက်နိုင်သေးလို့ စောင့်နေရတာတွေလည်း ရှိတယ်။ ကျွန်တှော့ အနေနဲ့ ဒီမှာ တစ်ယောက်တည်း ဒိုင်ခံ လုပ်နေရတာမို့ လောလောဆယ် Detail လုပ်မပေးနိုင်သေးတာ ခွင့်လွှတ်စေလိုပါတယ်။ အချိန်ရရင် ရသလို စာရင်းတွေကို တင်ပေးထားပါမယ်။
လူတွေက ကူညီချင်တာ၊ လှူဒါန်းချင်တာ၊ အဲဒီဒေသ သွားချင်တာပဲသိတာ။ အခက်အခဲတွေကို ထည့်မတွက် ထားကြပါဘူး။ အကန့်အသတ်တွေလည်း အများကြီး ရှိပါတယ်။ မနေ့က ပထမအသုတ် ထွက်သွားကြသူများရဲ့ သတင်းပေးချက်အရ ကားတွေ အလွန်ကြပ်ပါတယ်။ ကားခဟာ လပွတဿတာကားခဟာ လူတစ်ယောက်ကို ၁၂၀၀၀ ဖြစ်ပါတယ်။ ငါးပိသိပ်သလို စီးကြရတယ်။ တချို့ဒေသတွေမှာ ဒုကဿခသည်တွေဟာ အလွန်ငတ်ပြတ် ဒုကဿခရောက်နေတာကြောင့် နယ်မြေလုံးဝငြိမ်ဘူးလို့ သိရပါတယ်။ အဲဒီဒေသတွေကို အစိုးရက ဝင်ခွင့် ပိတ်ထားတယ်လို့ သိရတယ်။
ရောဂါတွေ စဖြစ်နေပါပြီ။ ဝမ်းရောဂါ အဓိက ဖြစ်ပါတယ်။ ငှက်ဖျားလည်း အလွန်ကြောက်ရပါတယ်။ လယ်ကွင်းတွေထဲမှာ ရေနစ် အလောင်းတွေ ပှေါနေပါပြီ။ သောက်သုံးရေ အခက်အခဲဟာ အများဆုံး ဖြစ်မယ်ထင်တယ်။ Water Guard လို ရေသန့်ဆေးတွေ ရန်ကုန်မှာ ဝယ်လို့တောင် မရတော့ပါဘူး။ ဒါကြောင့် ဒါတွေကိုလည်း လှူစေချင်ပါတယ်။ ရန်ကုန်မှာ ဈေးတွေ အရမ်းတက်နေပါတယ်။ ပစဿစည်း ဝယ်လို့ မကောင်းပါဘူး။ ဒါကြောင့် လိုအပ်တာတွေကို မန်းလေးကို မှာနေရတယ်။
အခုချက်ချင်း ဆနဿဒတစ်ခုတည်းနဲ့ ထသွား ထလုပ်လို့ ဘယ်လိုမှ မရဘူးဆိုတာကို သတိပေးချင်ပါတယ်။ ကျွန်တှောတို့ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုကို ဓာတ်ပုံတွေ ပြန်တင်ပေးပါမယ်။ နောက်ထပ် အလှူငွေပမာဏ များပြားရင် ကျွန်တှော ဒီကို ပြန်လာပါမယ်။ ပြီးရင် ပြန်သွားလှူပေးပါမယ်။ ကျွန်တှောတို့ဟာ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကိုယ်ကျိုးမပါတဲ့ ဝန်ဆောင်မှု သက်သက်ပါ။ ပိုက်ဆံ မလှူနိုင်လို့ လုပ်အားကို လှူနေတဲ့သူတွေပဲ ဖြစ်ပါတယ်။ အလှူငွေတွေကို ဘယ်လိုသုံးစွဲတယ်ဆိုတာ စာရင်းဇယား အားလုံး အတိအကျ ရေးမှတ်ထားပါတယ်။ ပြန်တင်ပေးပါမယ်။
လူတစ်ယောက် မဖြစ်မနေ ယူသွားရမယ့် စာရင်းကို ကျွန်တှော ပြုစုပေးလိုက်ပါတယ်။
Slipper 1
ခြင်ထောင် 1
ဖော့ပန်းကန် 10
ရာဘာလက်အိတ် 1
ဇွန်း 10
မီးခြစ် 2
ဖယောင်းတိုင် 2
စောင် 1
မြေခင်း 1
နှာခေါင်းစည်း 25
မိုးကာ 1
ခြေအိတ် 2
ဘွတ်ဖိနပ် 1
တစ်ရှူး 1
ဓာတ်မီး 1
ဓာတ်ခဲ 4
ရေသန့် 12
ရေခွက် 20
ခြင်ကာကွယ်ဆေး 1
ဝမ်းပိတ်ဆေး 1
ဝမ်းကိုက်ပျောက်ဆေး 1
ဓာတ်ဆားထုတ် 12
အရေပြားလိမ်းဆေး 1
Hand Gel 2
ကားခ 2
ကိတ်ခြောက် 5
ဘီစကစ် 5

No response to “Donation Announcement”
Post a Comment
Trackbacks
Leave a trackback