စိတ်မကောင်းစရာ သတင်းတစ်ခုကို ဒီနေ့ကြားရတယ်။ ခင်ဗျားနဲ့ ကျွန်တှောဟာ စာပေနယ်တစ်ခုမှာ အကြိုက်ချင်းတူစွာ တွေ့ခဲ့ကြပြီး ဝါသနာလည်း တူခဲ့ကြတယ်။ ခင်ဗျားဟာ ပညာတတ်တယ်။ ခင်ဗျားဟာ စိတ်ရှည်တယ်။ ခင်ဗျားဟာ သဘောကောင်းတယ်။ ခင်ဗျားဟာ ညှိနှိုင်းဆောင်ရွက်မှုကို သဘောကျတယ်။ ခင်ဗျားနဲ့ အကြောင်းကိစဿစ တစ်ခုခုကို ဆွေးနွေးတဲ့အခါ သူများတွေလို ရှည်ရှည်ဝေးဝေး ပြောနေစရာ မလိုဘူး။ ခင်ဗျားကို ကျွန်တှော သိပ်နှမြောတယ်။ ခင်ဗျားရဲ့ ပညာနဲ့ စေတနာတွေကို သိပ်နှမြောတယ်။ ခင်ဗျားရဲ့ တန်ဖိုးရှိလှတဲ့ လူငယ်ဘဝ အချိန်တွေအတွက် သိပ်စိတ်မကောင်း ဖြစ်မိတယ်။ ခင်ဗျားရဲ့ မနက်ဖြန်တွေ မြန်မြန် ကုန်သွားပါစေလို့လည်း ကျွန်တှော ဆုတောင်းနေပါတယ်။ လောလောဆယ်မှာ ကျွန်တှော တတ်နိုင်တာ ဒါပါပဲ။ ဒါပေမယ့် ကျွန်တှောတို့နှစ်ယောက် ယုံကြည်ခဲ့ကြတဲ့ အရာတစ်ခု အောင်မြင်ရမယ် ဆိုတာကိုတော့ ကျွန်တှော အလေးအနက် ခံယူထားပါတယ်။ ခင်ဗျား ကျန်းမာပါစေဗျာ။



No response to “စိတ်မကောင်းတဲ့နေ့”
Post a Comment
Trackbacks
Leave a trackback