RSS

တစ်ကောင်ကြွက်

Friday, November 21, 2008

တစ်ကောင်ကြွက်



တစ်ကောင်တည်းပဲ
ဒါပေမယ့် 
ကြွက်
ကိုက်တတ်တယ် 
ဖျက်တတ်တယ်
သွားတွေက သေးပေမယ့် ထက်မြက်တယ်
မျက်လုံးတွေက ရန်သူကို ကြည့်တဲ့အခါ သွက်လက်တယ်
ဟိုက်ဘရစ်ကြွက်
ရိုက်စစ်စရာမလိုဘူး
ဘာလာလာ သူပါတယ်
ဘာလုပ်လုပ် သူဝင်ရှုပ်တယ်
ကြွက်အချင်းချင်း မေးငေါ့ကြ
ကြွက်အချင်းချင်း စောင်းမြောင်းကြ
ကြွက်အချင်းချင်း စကားတင်း ဆိုကြ
အဲဒီလို ကြွက်တွေကတောင် သူ့ကို ရှောင်တယ်
ငါလာပြီ
ကျောပိုးအိတ်ကလေးတွေ တန်းစီ….
အကြွင်းမဲ့ မေတ္တာတော် သီချင်းနဲ့
နောဧရဲ့ လှေကြီး တည်ဆောက်မည်
အဲဒီ တစ်ကောင်တည်းပဲ
ဒါပေမယ့်
ကြွက်စုတ်။



လင်းဆက်
21.11.2008 
2:10 am


PS. မျက်လုံးထဲမှာ တစိမ့်စိမ့် မြင်ယောင်ပြီး တစ်ကြောင်းချင်း လက်တန်း ရေးဖြစ်လိုက်တဲ့ကဗျာ။