မိုးရာသီ ကုန်တယ်ဆိုရင်ပဲ ကျွန်တှော စိုးရိမ်နေတဲ့ မီးပျက်ရာသီဟာ တဖန်ပြန်ရောက်လာပါပြီ။ စစချင်း တုန်းကတော့ အှော ကြိုးတွေများ လဲနေတာလား၊ တိုင်တွေပဲ ပြင်နေတာလားဆိုပြီး မဝံ့မရဲ ထင်မှတ်ခဲ့တာလေးဟာ အခုတော့ နေ့စဉ်ရက်ဆက် သက်သေပြမှုနဲ့အတူ မဟုတ်ဘူးဆိုတာကို ခိုင်လုံစေခဲ့ပါပြီလေ။ ညဘက်မှာ အေးအေးလူလူ အလုပ်လုပ်တတ်တဲ့ ကျွန်တှော့အတွက်တော့ ရင့်သီးတဲ့ ကာလများပဲ ဖြစ်ပါတယ်။ ညဆို တစ်ညလုံးနီးပါး မီးပျက်တယ်။ အရင်တုန်းကတော့ ဒီမြို့နယ် ဒီလောက်မီးပျက်မှန်း မသိခဲ့ဘူး။ အခုတော့ သူများ မြို့နယ်တွေ တစ်ပတ် တစ်ရက် မပျက်သေးခင်မှာ ကျွန်တှောတို့ဆီက နေ့စဉ်ပျက်နေခဲ့ပြီ။ ဖယောင်တိုင်မီးနဲ့ ကျပြန်တော့လည်း ပိုးကောင်တွေကလာ စာတောင် မဖတ်နိုင်ဘူး။ စိတ်တွေလေတယ်ဗျာ။ အလုပ်ဘယ်လို လုပ်ရမယ်ဆိုတာ မသိတော့ဘူး။ လပ်တော့က ဘက်ထရီ အားမကုန်မချင်းတော့ လုပ်လိုက်ဦးမယ်။ ပြီးရင်တော့ အိပ်ရတော့မှာပေါ့ဗျာ။ :(



No response to “Diary 24.11.2008”
Post a Comment
Trackbacks
Leave a trackback