
ဒီကလေးငယ်လေး အမည်က (?) လို့ခှေါတယ်။ ကချင်ပြည်နယ် အစွန်အဖျား ရွာလေးတစ်ရွာက ကလေးငယ်လေးပါ။ ပုံမှာ ရုတ်တရက် ကြည့်လိုက်ရင် ခြေထောက်တစ်ဖက်ထောက်ပြီး ပိုစ့်ပေးနေသလို ထင်ရပေမယ့် တကယ်တမ်းက ခြေထောက်တစ်ဖက် နိမ့်နေရှာသူကလေးပါ။ သူ့မှာ အကိုနှစ်ယောက် ညီတစ်ယောက်နဲ့ အမနှစ်ယောက် ရှိပါတယ်။ ညီအကို မောင်နှမ ၆ဦးထဲမှာမှ သူ့အကြောင်းကိုပဲ ကျွန်တှော ထူးထူးခြားခြား ပြောနေရတာက ထူးဆန်းတဲ့ အကြောင်းအရာတစ်ခု ရှိလို့ပါ။
သူ့အသက်ဟာ ၅နှစ် ရှိပါပြီ။ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်ပါပဲ။ ဒါပေမယ့် သူ့မိဘတွေဟာ သူ့အတွက် စိတ်ပူနေကြရတယ်။ ကိုယ်တိုင်က ပိုက်ဆံ မတတ်နိုင်လေတော့ သူတို့ဟာ ဒီအတိုင်းပဲ ကြည့်နေကြရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီကလေးငယ်လေးမှာ လိင်အဂဿငါ နှစ်ခု ပါနေလို့ပါပဲ။ မွေးကာစကတော့ ဘာမှ သိပ်မသိသာခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ ထင်ရှားလာလိုက်တာ အခုအနေအထားမှာ 60% 40% လောက်မှာ ရှိနေပါပြီ။ မျက်မြင်သက်သက်နဲ့ ဆုံးဖြတ်မယ်ဆိုရင် သူ့ကို မိန်းခလေးလို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဆီးလမ်းကြောင်း လုပ်ဆောင်မှုဟာ ယောက်ျားလေး တစ်ယောက်ကဲ့သို့ ဖြစ်ပါတယ်။ ပြောရရင်တော့ သူ့ရဲ့ Penis ဟာ မိန်းခလေးတစ်ယောက်ရဲ့ Clit လိုဖြစ်နေပြီး သာမန်ထက်လည်း ကြီးမားလို့ နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ Scrotum ဟာ ယောကျှားလေး တစ်ယောက်လို ဖြစ်မလာဘဲ Labia Majora သဘောမျိုး ဖြစ်သွားပါတယ်။ ကျွန်တှော့အနေနဲ့ မသင့်တှောလို့ ပုံကိုတော့ မတင်တော့ပါဘူး။
အိနဿဒိယ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရတဲ့ ဆရာဝန်တစ်ယောက်ရဲ့ ပြောစကားအရဆိုရင် ဒီလို လိင်နှစ်ခုနဲ့ မွေးဖွားခဲ့တဲ့ ဖြစ်ရပ်ဟာ ကမဿဘာမှာ အယောက်တစ်ရာခန့်သာ ရှိသေးတယ်လို့ သိရပါတယ်။ [link] မြန်မာပြည်မှာတော့ ကျွန်တှော ကြားသိခဲ့ရဖူးတာ ၄ယောက်ထက် မနည်းဘူး ထင်ပါတယ်။ အခုအချိန်မှာ ပတ်ဝန်းကျင်ကတော့ ဒီကလေးငယ်လေးကို ယောက်ျားလေး တစ်ယောက်လို သတ်မှတ်ပေးထားပါတယ်။ မိဘတွေရဲ့ သဘောထားကို မေးကြည့်တဲ့အခါမှာတော့ ယောက်ျားလေးဖြစ်အောင် ခွဲစိတ်ကုသမှု ခံယူချင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် တောင်ယာလုပ်နေတဲ့ သူတို့အနေနဲ့ ဘယ်လိုမှ ပိုက်ဆံ မတတ်နိုင်ပါဘူးတဲ့။ ဒါကြောင့် အကူအညီပေးမယ့် စေတနာရှင်ကို စောင့်စားနေတယ်လို့ ပြောပါတယ်။
ဒါမျိုး Intersex ကိစဿစဟာ ဆေးပညာလောကမှာ ဖြစ်တောင့်ဖြစ်ခဲ ကိစဿစတစ်ခု ဖြစ်သလို ငယ်ရွယ်စဉ်မှာ ပြုပြင်လိုက်ရင် ဘာမှ ဆိုးဆိုးရွားရွား ဖြစ်မလာနိုင်တဲ့ ကိစဿစတစ်ခုလို့ ထင်မိပါတယ်။ အသက်ကြီးလာမှဆိုရင် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်။ လောလောဆယ်မှာတော့ ဒီလို ခွဲစိတ်ကုသမှု Transplant လုပ်မယ်ဆိုရင် ဘယ်လောက် ကုန်ကျနိုင်သလဲဆိုတာ ဆရာဝန်များကို မေးမြန်းနေပါတယ်။ မြန်မာပြည်မှာ ဒီလိုမျိုး လုပ်မလုပ် ဆိုတာကိုတော့ ကျွန်တှော သေချာ မသိသေးပါဘူး။ ဒါကြောင့် ဒီကိစဿစတွေမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ရှိရင် အကြံပေးပါလို့ တောင်းပန်ချင်သလို၊ ဒီခွဲစိတ်မှုအတွက် အလှူအတန်း ပြုချင်တဲ့ အလှူရှင်တွေ ရှိရင်လည်း ဆက်သွယ်ကြပါလို့ ဒီနေရာကနေပဲ အကူအညီ တောင်းလိုက်ပါတယ်။ ကလေးရဲ့ နာမည် နေရပ် မိဘ စတာတွေကိုတော့ အခြေအနေ အရပ်ရပ်ကြောင့် လောလောဆယ် မဖှောပြနိုင်သေးပါဘူး။ မကြာခင် ဖှောပြပေးသွားပါမယ်။
မှတ်ချက်။ ။ ဆရာဝန်လေး တစ်ဦးကနေ အကူအညီ တောင်းခံလာလို့ ကျွန်တှောက ဒီနေရာကနေပြီး ကူညီနိုင်တဲ့ အလှူရှင် ရှာပေးတာ ဖြစ်ပါတယ်။ နောက်ပိုင်း အလှူရှင် ပှေါလာခဲ့ရင် ဒီဆရာဝန်လေးနဲ့ တိုက်ရိုက် ဆက်သွယ်ပြီး ဆက်လက် လုပ်ကိုင်နိုင်ပါတယ် ခင်ဗျား။



No response to “Help the boy with two genital organs”
Post a Comment
Trackbacks
Leave a trackback