RSS

အဲဒီညက နေဝင်တယ်

Tuesday, January 06, 2009

အဲဒီညက နေဝင်တယ်



ဆိတ်ဖလူးပန်းတွေနဲ့ မွှေးတဲ့
ညနေခင်းရဲ့ နေတစောင်းလေး
နင်ရယ် ငါရယ်
ရန်ဖြစ်ချင်သေးတယ်

ငါတို့နှစ်ဦးကြား
နားလည်မှု လေပြည်များက နားခိုလို့
အိပ်မက်ခေါင်းလောင်းသံချိုချို
စကားတွေ ဖောင်ဖွဲ့လို့ ဆိုကြဦးမယ်ကွယ်

ထားခဲ့ပါတော့ကွယ်
ထားခဲ့ပါတော့
ခရမ်းရင့်ရောင်ပန်းတွေလည်း ကြွေခဲ့ရပေါ့
ငါတို့မြို့လေးဟာ
ရထားဥဩသံတွေနဲ့မှ
သာယာသက်ဝင်နေလွန်းခဲ့တာကိုး
တကယ်ဆို ဆိုးလွန်းတယ်

ဖွင့်မပြောတဲ့ စကားလုံးများနဲ့
အချစ်ဆိုတာ တိတ်ဆိတ်ခြင်း ဖြစ်သတဲ့လား
သူမအကြောင်းတွေ တွေးတွေးနေမိတာ
လမ်းဟောင်းလေးနဲ့ တဖြေးဖြေး ဝေးလာ
သတိတရနဲ့ လွမ်းမိတဲ့အခါမှ
မီးအိမ်လေးက  ငြိမ်းသွားရှာ။