Monday, January 12, 2009

ရတနာနတ်မယ်


Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08

Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08

Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08

Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08

Image Hosted by ImageShack.us
Yadana Nat Mai By lynnseck at 2009-01-08



Question: Who is she?

ဘယ်လောက် ကျက်သရေရှိပြီး လှပတဲ့ အမျိုးသမီးလဲဗျာ။ ဒါပေမယ့် သူက မြန်မာ စစ်စစ်တော့ မဟုတ်ရှာဘူး။ အဖေက နိုင်ငံခြားသား၊ အမေက မြန်မာပေါ့။ မြန်မာဝတ်စုံနဲ့ ဒီလောက် ကျက်သရေရှိတဲ့ မိန်းမပုံကို ပထမဆုံး မြင်ဖူးခြင်းပါပဲ။ သူဘယ်သူလဲ ဆိုတာကို စဉ်းစားကြည့်ကြ ပါဦး။ သူ့မှာတောင် အဲဒီဓာတ်ပုံတွေ ရှိပါဦးမလားလို့ တွေးနေမိတယ်။ အခြားပုံတွေကိုပါ ကြည့်ချင်တယ် သိမ်းထားချင်တယ်ဆိုရင် ဒီနေရာကို [link] သွားလိုက်ပါဦး။


Answer: Yadana Nat Mai

ကျွန်တှော့လိုပဲ သူဘယ်သူလဲဆိုတာ စိတ်ဝင်တစား ရှိကြလို့ ဝမ်းသာပါတယ်။ ဒီပုံဟာ ရတနာနတ်မယ် အထက်တန်း ကျောင်းသူဘဝက အမေရိကန် နယူးယောက်မြို့မှာ ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ Herald Tribune အဖွဲ့အစည်းကနေ ကြီးမှူးကျင်းပတဲ့ The World We Want ဆိုတဲ့ ဖိုရမ်မှာ မြန်မာပြည် ကိုယ်စားပြု တက်ရောက်ရ သူတွေက ရတနာနတ်မယ်နဲ့ ရစ်ချက်ထွန်ညွးန့်တို့ ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံပေါင်း ၁၆နိုင်ငံက ကျောင်းသားကျောင်းသူ ၃၂ဦး တက်ရောက်ပြီး ကမဿဘာ့နိုင်ငံ တစ်ခုနဲ့တစ်ခု ကြားက ဆင်းရဲချမ်းသာ ကွာဟမှု၊ အချစ်အမုန်း အာဃာတတွေကို ဖယ်ရှားပြီး ပိုမိုကောင်းမွန်တဲ့ ကမဿဘာ့မိသားစုကြီး တစ်ခုလို တည်ဆောက်ကြမယ် ဆိုပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်တဲ့။ ခန့်မှန်းချက်အရ ၁၉၅၀ ဝန်းကျင် ဖြစ်မယ်လို့ ထင်ပါတယ်။ ရတနာနတ်မယ် အသက် ၂ဝ လောက်မှာ ဖြစ်ပါတယ်။

မင်းသမီးကြီးရဲ့ပုံကို ကျွန်တှော တစ်ခါပဲ မြင်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် ဒီပုံတွေကို Life မှာတွေ့လိုက်ရချိန်မှာ ဒါဟာ သူပဲလို့ တပ်အပ် သိလိုက်ပါတယ်။ ဒါပေမယ့် ပိုသေချာအောင် သူ့ထံမှာ အတည်ပြုချက် ရယူခဲ့ပါတယ်။ ရတနာနတ်မယ် အကြောင်းကို ဒီနေရာမှာ ကျွန်တှော ရေးခဲ့ဖူးတယ်။ [Yadana Nat Mai] Identity ပျောက်နေတဲ့ ဓာတ်ပုံတစ်ခုကို Identity ပြန်ရှာနိုင်ခဲ့လို့ ကျွန်တှော တကယ်ပဲ ဝမ်းသာမိတယ်။ တချို့တွေက အထက်က ဓာတ်ပုံတွေကို မင်းသမီး ဝင်းမင်းသန်း (Win Min Than) လို့ ထင်ကြတယ်။


Image Hosted by ImageShack.us
Win Min Than By lynnseck at 2009-01-12

ဝင်းမင်းသန်း ဆိုတာလည်း The Purple Plain ဆိုတဲ့ ခရမ်းရောင်လွင်ပြင် ဇာတ်ကားမှာ နာမည်ကျှော မင်းသား Gregory Peck နဲ့အတူ ပါဝင်ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူလည်း အခုထိ သက်ရှိထင်ရှား ရှိနေသေးတယ်လို့ သိရပါတယ်။ အမေရိကားမှာလို့ တချို့က ဆိုတယ်။ တချို့ကလည်း ဩစတေးလျမှာ လို့လည်း ဆိုကြပါတယ်။ 


Related Article: Yadana Nat Mai


No response to “ရတနာနတ်မယ်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz