မနေ့ည ၁ဝနာရီခန့်က ရန်ကုန်မြို့ မြေနီကုန်း ပန်းခြံမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရတယ်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ၊ သေဆုံးသူ မရှိဘူးလို့ ဆိုပေမယ့် ဒီပေါက်ကွဲမှုဟာ စမ်းချောင်း မြို့နယ်က တိုက်တွေကို တုန်သွားတယ်လို့ ထင်ရလောက်အောင်ကို ပြင်းထန်တယ်လို့ ဒေသခံ နေထိုင်သူတွေက ပြောပါတယ်။ နောက်တစ်နာရီအကြာ ည၁၁နာရီ ခန့်မှာတော့ မြေနီကုန်းမှာ အလုပ်ရှုပ်နေတဲ့ ရဲ၊ စစ်သားတွေနဲ့ တာဝန်ရှိသူတွေဟာ လှည်းတန်း မီးပွိုင့်ကို ပြေးကြရ ပြန်ပါတယ်။ အဲဒီမှာလည်း နောက်ထပ် ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်လို့ပါ။ အဲဒီနားမှာ နေထိုင်သူ တစ်ဦးရဲ့ ပြောကြားချက်အရ အဲဒီက ပေါက်ကွဲမှုဟာ မပြင်းထန်ပေမယ့် အသံအတှောကြီး ကျယ်လောင်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲတဲ့ အနားမှာ ရပ်နေသူတွေ ရှိပေမယ့် မထိခိုက်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဒီပေါက်ကွဲမှုတွေကြောင့် လုံခြုံရေးကို တိုးမြှင့်တဲ့ အနေနဲ့ DJ Bar Club ကိုတောင် မနက် တစ်နာရီမှာ ပိတ်ခဲ့တယ်လို့ အဲဒီကို သွားရောက်ခဲ့သူတစ်ယောက် ပြောတာကိုလည်း သိခဲ့ရပါတယ်။



No response to “Two Blasts in Yangon”
Post a Comment
Trackbacks
Leave a trackback