မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များ အသင်းက ကြီးမှူးပြီး MCPA Challenge Award ပြိုင်ပွဲတစ်ခုကို ကျင်းပမှာ ဖြစ်ပါတယ်။ MCPA ရဲ့ ပထမဆုံး ပြိုင်ပွဲဖြစ်သလို မြန်မာနိုင်ငံ ကွန်ပျူတာလောကအတွက် ထူးခြားတဲ့ ရလာဒ်တစ်ခုကို ဆောင်ကျဉ်းပေးလာနိုင်တဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်လာပါလိမ့်မယ်။ အရင်တုန်းက ပရိုဂရမ်းမင်း ပြိုင်ပွဲတွေနဲ့ ပုံစံ မတူပါဘူး။ ဒါက Research ကိုအဓိကထားပြီး ကာလကြာရှည် ပြိုင်ရမယ့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါမယ်။ ဆုကြေးငွေက ကျပ်သိန်းသုံးဆယ်လို့ ယေဘုယျ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ဝဘ်စာမျက်နှာတွေ များပြားလာတာနဲ့အမျှ မြန်မာဘာသာအသုံးပြုပြီး အင်တာနက်မှာ အချက်အလက် ဒေတာတွေကို တိတိကျကျ ရှာဖွေရရှိနိုင်အောင် ပြိုင်ပွဲဝင်အဖွဲ့တွေ အနေနဲ့ မြန်မာအချက်အလက် ရှာဖွေရေးအင်ဂျင် (Myanmar Search Engine) တစ်ခု တည်ဆောက်မှု ပြိုင်ပွဲ ဖြစ်ပါလိမ့်မယ်။ အသေးစိတ် အချက်အလက်တွေကို မကြာခင်မှာ www.mcpa.org.mm မှာ တရားဝင် ကြေငြာသွားမှာ ဖြစ်ပါတယ်။ ကိုယ့်အဖွဲ့အလိုက် ခုကတည်းက ကြိုတင်ပြင်ဆင်မယ်ဆို ပြင်ဆင်နိုင်အောင် လျှို့ဝှက် သတင်းပေးလိုက်ပါတယ် ခင်ဗျား။
Monday, July 6, 2009
MCPA Challenge Award

One response to “MCPA Challenge Award”
လက်ရှိ search engine တွေမှာ မြန်မာ unicode တွေကိုရှာပေးနိုင်တာတွေ့ရပါတယ်။ အခု မြန်မာ search engine နဲ့ဘယ်လိုများကွာလဲမသိဘူး
thanks...
Post a Comment
Trackbacks
Leave a trackback