မြန်မာပြည်မှာ အချက်အလက် အတိအကျ ရဖို့ရာ တှောတှောခက်ပါတယ်။ အင်တာနက် အသုံးပြုသူနဲ့ ဘလော့တွေအကြောင်း ကျွန်တှောတို့ ဒီရပ်ဝန်းကလူတွေတောင် ခန့်မှန်းခြေနဲ့ပဲ ပြောနေရပါတယ်။ ခန့်မှန်းခြေ လုပ်နေရတော့ နိုင်ငံတကာက လေ့လာသူတွေ သိနိုင်ဖို့ အတိအကျရေးရာမှာ အခက်အခဲ တွေ့ကြရပါတယ်။ မြန်မာဘလော့ဂါ လောကကြီးဟာ ၂၀၀၇ နှစ်ဆန်းကစပြီး တရှိန်ထိုး တိုးတက်လာလိုက်တာ အခုဆို တှောတှောကို ကြီးထွားစည်ပင်နေပါပြီ။ ဒါကြောင့် မြန်မာဘလော့စစ်တမ်းလေး တစ်စောင်လောက် ကောက်ကြည့်ဖို့ ကျွန်တှော ဒါလေးကို လုပ်ထားလိုက်ပါတယ်။ နိုင်ငံတှောတှောများ ဒီလို စစ်တမ်းလေးတွေ ရှိပါတယ်။ ဒီလိုရှိတဲ့အတွက် ပညာရှင်တွေအနေနဲ့ အကဲဖြတ်လို့ ရတယ်။ ခန့်မှန်းလို့ရတယ်။ အနာဂတ်ကို မျှောကြည့်လို့ရတယ်။ ဒါလေးကို ကူညီဖြည့်စွက်ပေးကြမယ်ဆိုရင် ကျွန်တှောတို့ ဘလှောဂါတွေ ဘယ်လောက်ရှိတယ်၊ ဘယ်လို အရာတွေကို ကျွန်တှောတို့ စိတ်ဝင်စားတယ်၊ ကျွန်တှောတိုပ ဘာတွေ လုပ်နေကြတယ် ဆိုတာတွေကို လေ့လာလို့ ရလာပါလိမ့်မယ်။ အားလုံးအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဘလော့ရေးတဲ့သူ မှန်သမျှ အောက်က စစ်တမ်းလေးမှာ ကူညီဖြည့်စွက်ပေးပါလို့ အလေးအနက် တောင်းပန်ချင်ပါတယ်။ အခြားသော ဘလော့ဂါများကိုလည်း လက်ဆင့်ကမ်း မျှဝေပေးပါလို့ အကူအညီတောင်းပါရစေ။
Click here to take Myanmar Blogger Survey 2009
Remark:
1. ဒီစစ်တမ်း ကောက်ယူမှုဟာ တစ်လတိတိ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဩဂုတ်လကုန်မှာ ဒီစစ်တမ်း ရလာဒ်ကို Analyze လုပ်ပြီး ပြန်လည် တင်ပြပေးသွားပါမယ်။ အားချင်း လုပ်ရတာမို့ ဖြေဆိုရာမှာ အခက်အခဲနဲ့ အဆင်မပြေတာအချို့ ရှိခဲ့ရင်လည်း တောင်းပန်ပါတယ်။ အခမဲ့ဆိုပြီး သုံးလိုက်မိတဲ့ Application က အကန့်အသတ်နဲ့ ဖြစ်နေတာမို့ Upgrade လုပ်ပေးတဲ့ ကိုမင်းကျှောကိုလည်း ကျေးဇူးတင်ပါတယ်။
2. Data Duplication မဖြစ်အောင်က Blog Address ထည့်ပေးမှ ရမှာမို့လို့ အဲဒါလေးတော့ ထည့်ပေးကြပါလို့ အကူအညီ တောင်းလိုပါတယ်။ အဲဒါနဲ့ပဲ ကွဲပြားမှုကို တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။ ဘာ Tracking မှ မပါပါဘူး။ ကိုယ်တိုင် အဲဒီမှာ အကောင့်ဖွင့်ပြီး စမ်းသပ်စစ်ဆေးနိုင်ပါတယ် ခင်ဗျား။



No response to “Survey for Myanmar Blogger 2009”
Post a Comment
Trackbacks
Leave a trackback