MCPA Challenge Competition 2009
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းသည် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၉ဂခုနှစ်မှ စတင်ကာ နိုင်ငံအတွင်း ကွန်ပျူတာပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ ဖြစ်စေသည့် ဟောပြောပွဲများ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ကျင်းပပေးခြင်း၊ သင်တန်းပို့ချခြင်း၊ စာမေးပွဲများစစ်ဆေးခြင်း၊ ပြပွဲပြိုင်ပွဲများ ကျင်းပပေးခြင်း စသည့် လုပ်ငန်းရပ်များကို အစဉ်တစိုက် ဆောင်ရွက်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျှောခဲ့ပြီ ဖြစ်ပါသည်။
ယခု၂၀၀၉ခုနှစ်မှ စတင်ကာ MCPA Challenge အမည်ဖြင့် ပရောဂျတ် အခြေပြု ပြိုင်ပွဲများ (Project-based Competition) ပြုလုပ်ရန် ရည်ရွယ်ထားပါသည်။ သတ်မှတ်ကာလ (၆)လအတွင်းတွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပြုလုပ်ပြီး ထွက်ပှေါလာသော Product ကို Paper နှင့်တကွ တင်သွင်းရမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင် Project များမှ အကောင်းဆုံး တစ်ခုကို ရွေးချယ်ပြီး MCPA Challenge Winner 2009 အမည်ဖြင့် ဆုချီးမြှင့်မည် ဖြစ်ပါသည်။ ဆုကြေးငွေမှာ ကျပ် သိန်း(၃၀) ဖြစ်ပါသည်။
၂၀၀၉ခုနှစ်အတွက် ပြိုင်ပွဲဝင်ရမည့် ခေါင်းစဉ်မှာ “Myanmar Search Engine” ဖြစ်ပါသည်။
အသေးစိတ် ဖတ်ရှုရန် [www.mcpamyanmar.org]
Note: ဒါနဲ့ ပတ်သက်တဲ့ ဆီမီနာ တစ်ခုကို ဩဂုတ်လ ၁၅ရက်နေ့မှာ MICT Park ထဲမှာ ကျင်းပဖို့ ရှိနေပါတယ်။ စိတ်ဝင်စားတဲ့သူ၊ ပါဝင်ယှဉ်ပြိုင်မယ့်သူအားလုံး MCPA ကို တနလဿငာနေ့ကစပြီး ဆက်သွယ်ထားလို့ ရပါပြီ။

No response to “Announcement: MCPA Challenge Competition 2009”
Post a Comment
Trackbacks
Leave a trackback