ခရီးက ပြန်လာပြီးတော့ လူလည်း တှောတှောပင်ပန်း သွားတာမို့ ခုတလော ဘာမှ မလုပ်ဖြစ်ပါဘူး။ ကိုယ့်ဘလော့ ကိုယ်တောင် မဝင်ဖြစ်ဘူး။ ပိုက်ဆံပြတ်နေတဲ့ ကြားထဲက လူမှုရေးအရ လုပ်ပေးရတာ လေးတွေလည်း ရှိသေးတာကြောင့် အခုအချိန်အထိ ကောင်းကောင်း အနားမယူရသေးဘူး။ ခရီးစဉ်က ပင်ပန်းပေမယ့် တကယ်ပျှောဖို့ ကောင်းပါတယ်။ လိုက်ပါခဲ့ကြတဲ့ ဘလော့ဂါတွေ အားလုံး ဗဟုသုတ၊ အတွေ့အကြုံကောင်းတွေ ရခဲ့တယ်လို့ ထင်မိပါတယ်။
၂၀၀၉ မြန်မာဘလှောဂါနေ့ အထိမ်းအမှတ် ဘလော့ဂါတွေ တွေ့ဆုံပွဲနဲ့ လေ့လာရေးခရီးလေး ထွက်ကြမယ် ဆိုတော့ ဘယ်ကို သွားမလဲဆိုတာ အတှော့ကို ခေါင်းခြောက်အောင် တိုင်ပင်ခဲ့ရပါတယ်။ တှောတှောများများက အလုပ်လုပ်နေကြတဲ့ သူတွေဆိုတော့ စနေ၊ တနဂဿငနွေ နှစ်ရက်ပဲ အားကြတယ်။ ခရီးစဉ် ဝေးတာနဲ့အမျှ ကုန်ကျမယ့် ပိုက်ဆံကိုလည်း စဉ်းစားရပါတယ်။ သူများမပြောနဲ့ ကိုယ်ကိုယ်တိုင်တောင် ၁သောင်းထက် ကျှောရင် လိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ သက်သက်သာသာနဲ့ ဗဟုသုတ ရနိုင်မယ့် နေရာ၊ ခရီးလည်း သိပ်မဝေးမယ့် နေရာတွေကို စဉ်းစားတဲ့အခါ ပဲခူးရယ်၊ ပြည်ရယ် ထွက်လာပါတယ်။ ပဲခူးကတော့ တှောတှောများများလည်း ရောက်ဖူးကြတယ်။ သွားစရာကလည်း ဘုရားတွေပဲ ရှိတာမို့ ဗဟုသုတ အနေနဲ့ သိပ်မရနိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ပြည်ကို ရွေးချယ်လိုက်ကြတယ်။
ဒီလို သွားရာမှာ ကျွန်တှောတို့ အနေနဲ့ ဘယ်လိုကားမျိုး ငှားရမယ် ဆိုတာ ဘတ်ဂျတ် တွက်နိုင်အောင်လို့ လူစာရင်းတွေ ကောက်ယူခဲ့တယ်။ တကယ်တမ်း သွားမယ်ဆိုတော့ စာရင်းပေးထားတဲ့သူတွေ မလာတော့တာကို ကြုံရပါတယ်။ တချို့ကလည်း ပိုက်ဆံတောင် ပြန်တောင်းသေးတယ်။ အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့အခါ အလုပ်ကို လေးစားကြဖို့ လိုအပ်ပါတယ်။ အားလုံး Collaboration နဲ့ Cooperation ကောင်းပါမှ အလုပ်က အဆင်ပြေတာမျိုးပါ။ သွားခါနီးအထိ လူစာရင်းက မတည်ငြိမ်တာမို့ ကျွန်တှောတို့ အခက်အခဲများစွာ တွေ့ခဲ့ရတယ်။ ဒါပေမယ့် ကံကောင်းစွာပဲ တချို့ စာရင်းမပေးရသေးတဲ့သူတွေ လိုက်ပါချင်တယ် ဆိုလို့ လူစုံတက်စုံနဲ့ ခရီးထွက်နိုင်ခဲ့ကြတယ်။



၂၉ရက်နေ့ မနက်ပိုင်းက ကန်တှောကြီးထဲမှာ တွေ့ဆုံပွဲလေး အရင်ဆုံး လုပ်ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြတယ်။ ပြီးတော့ အဖွဲ့တွေခွဲပြီး ကစားပွဲလေးတွေ လုပ်ကြတယ်။ တစ်ဖက်နဲ့တစ်ဖက် စကားစစ်ထိုးပွဲတွေ လုပ်ကြတယ်။ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ပြီးတော့ အားလုံးကို အကျွေးအမွေးနဲ့ ဧည့်ခံပါတယ်။ တချို့ ဘလှောဂါတွေကိုလည်း အရင်ကတည်းက သိပါတယ်။ တချို့ကတော့ အွန်လိုင်းမှာ ဖတ်ဖူးနေပေမယ့် အဲဒီနေ့ကျမှ အပြင်မှာ သိရတယ်။ တချို့ကတော့ အသစ်တွေပါ။ ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး ဆက်ဆံရင်း ခင်မင်မှုတွေ ရခဲ့ကြတယ်။ အဲဒီ တွေ့ဆုံပွဲလေးလည်း အောင်မြင်တယ်လို့ ပြောရပါမယ်။ နောက်ပိုင်းမှာလည်း ဒီလို ပွဲလေးတွေ လုပ်နိုင်ဖို့ ကျွန်တှောတို့ ကြိုးစားသွားမယ်။ အဲဒါတွေပြီးတော့ ကျွန်တှောတို့ အားလုံး အိမ်ပြန်ပြီး ခေတဿတနားကြပါတယ်။

ကားက ၁ဝနာရီထွက်မယ် ဆိုပေမယ့် ၈ နာရီလောက် ကတည်းက လူတွေတှောတှော စုံနေကြပါပြီ။ နေ့လည်က လာတဲ့ လူတွေထဲက တချို့တော့ မလိုက်တော့တာ တွေ့ရပါတယ်။ ဒါပေမယ့် တချို့ စာရင်းမပေးထားတဲ့ သူတွေ လိုက်ပါလာတာမို့ ကားက သတ်မှတ်လူဦးရေထက်တောင် ကျှောလွန်သွားပါတယ်။ အဲဒီအချိန်ကျမှ ကားဘယ်လိုမှ လဲလို့ မဖြစ်တော့တာမို့ ကြပ်ကြပ်တည်းတည်းပဲ ထွက်ခဲ့ရတယ်။ ပထမဆုံး ကားသမားတွေနဲ့ ပြသဿသနာ စဖြစ်ပါတယ်။ ကျွန်တှောတို့က ခရီးစဉ်ပြီးမှ ပိုက်ဆံအကြေချေမယ်လို့ ပြောထားပြီးသားဟာကို ပိုက်ဆံ အတင်းလာတောင်းလို့ စကား အနည်းငယ် များကြပါတယ်။ ဒါပေမယ့် ကိုယ့်ဒေါသလျှော့ သူ့ဒေါသလျှော့ပြီး ညှိနှိုင်းလိုက်ကြတော့ မှောဘီနားမှာတင် အားလုံး ပြေလည် သွားပါတယ်။

မှောဘီက မျက်ဝန်းသစ်မှာ ကားခဏရပ်ပြီး ခေတဿတနားကြပါတယ်။ ပြီးတော့ ၁၁နာရီ ကျှောကျှော လောက်မှာ ပြန်ထွက်ခဲ့ကြတာ လက်ပံတန်းမြို့ကို နှစ်နာရီကျှောကျှောမှာ ရောက်တယ်။ အဲဒီမှာ ကားခဏနားပြီး မနက်စာ စားကြတယ်။ အဲဒီကနေမှ ဆက်ထွက်လာကြတာ ပြည် ရွှေဆံတှောဘုရား ခြေရင်းကို မနက် ၅နာရီခွဲလောက်မှာ ရောက်ခဲ့ပါတယ်။ အလင်းရောင်တောင် ကောင်းကောင်း မမြင်ရသေးပေမယ့် ရွှေဆံတှောဘုရားပှေါမှာတော့ ဝတ်ရွတ်ဖတ်သူတွေ ဘုရားဖူးတွေနဲ့ စည်ကားနေပါပြီ။ ကျွန်တှောတို့လည်း ဘုရားပတ်ဝန်းကျင် လှည့်လည် ကြည့်ရှုလေ့လာကြပါတယ်။ မနက်စာကို ဂေါပကတွေက စီစဉ်ပေးခဲ့တယ်။ ဒါကလည်း နန်းညီရဲ့ ကောင်းမှုကြောင့် ဖြစ်ပါတယ်။ ဆရာဦးမြဝင်း ပြောပြလို့ ရွှေဆံတှောဘုရားကြီးရဲ့ သမိုင်းအကျဉ်းနဲ့ မှတ်သားဖွယ်ရာတွေကို သိခဲ့ရပါတယ်။ ပြီးတော့ လေ့လာစရာတွေ၊ ကြည့်ရှုသင့်တာတွေကိုလည်း လေ့လာ ကြည့်ရှုခဲ့ရပါတယ်။

၉နာရီခွဲလောက်မှာ ဘုရားကနေ ပြန်ထွက်ပါတယ်။ ပြီးတော့ တစ်ဖက်ကမ်းက ရွှေဘုံသာမုနိ ဘုရားကို နဝဒေးတံတားဖြတ်ပြီး သွားကြတယ်။ ဘုရားကိုသွားတဲ့ လမ်းကလေးဟာ အလွန်ပဲ သာယာပါတယ်။ ပြီးတော့ သစ်ပင်တွေ တောအုပ်တွေ စိမ်းစိမ်းလန်းလန်း ရှိသေးတာမို့ ရန်ကုန်က ကျွန်တှောတို့ဟာ အလွန်ပဲ တက်ကြွနေခဲ့ကြတယ်။ ရွှေဘုံသာမုနိ ဘုရားကတော့ ထွေထွေထူးထူး ဘာမှ သိပ်မရှိလှပါဘူး။ ဘုရားပရဝုဏ်မှာလည်း ကြည့်ရှုလေ့လာစရာ တစ်ခုနှစ်ခုပဲ ရှိတယ်။ ဘုရားရှေ့မှာတော့ ဧရာဝတီမြစ်ကြီး ရှိနေပါတယ်။ ကျွန်တှောတို့ အားလုံး မြစ်ဆိပ်ဆင်းပြီး ကြည့်ကြတယ်။ အဲဒီနေရာမှာ ပျူခေတ် လက်ရာလို့ ထင်ရတဲ့ ခြသေဿင့ကြီးရဲ့ ဦးခေါင်းပိုင်း တစ်ခုကိုလည်း တွေ့ခဲ့ရတယ်။ ကျန်တဲ့ အစိတ်အပိုင်းတွေတော့ မရှိတော့ပါဘူး။
အဲဒီကနေမှ ကျွန်တှောတို့ဟာ သရေခေတဿတရာ မြို့ဟောင်းကို သွားခဲ့ကြတယ်။ ကားပှေါမှာ သရေခေတဿတရာနဲ့ ပတ်သက်တဲ့ ဗဟုသုတ တချို့ကို မသိသူတွေ သိသွားအောင် ပြောပြခဲ့တယ်။ ပထမဆုံး ရောက်တာကတော့ သရေခေတဿတရာပြတိုက်ပါ။ အဲဒီမှာ တူးဖှောတွေ့ရှိထားတဲ့ ပျူခေတ် လက်ရာတွေနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တှောတို့ သိသမျှ ရှင်းလင်း ပြောပြနိုင်ခဲ့တယ်။ ပြတိုက်ဟာ ယဉ်ကျေးမှုအရ အဖိုးမဖြတ်နိုင်တဲ့ ပစဿစည်းတွေ အများကြီး ရှိနေပေမယ့် လုံခြုံရေးအရ အားနည်းတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ပျူကခြေသည် အရုပ်လေးတွေ အခိုးခံခဲ့ရတာပဲလို့ တွေးမိပါတယ်။ တကယ်တော့ ဒီနေရာတွေဆိုတာ ကိုယ့်နိုင်ငံတွင်းက ခရီးသွားတွေကိုသာမက နိုင်ငံခြားက ခရီးသွားတွေကိုပါ ဆွဲဆောင်နိုင်တဲ့ နေရာမျိုးပါ။ ဒါပေမယ့် သူတို့ကို ဆွဲဆောင်ချင်ရင် ကိုယ့်ဘက်က လုံလောက်တဲ့ ဆွဲဆောင်မှုတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။ ပြတိုက်မှာ လက်ကမ်းစာရွက်လေးတွေ၊ ပျူယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ရှိခဲ့မယ်ဆိုရင် လေ့လာသူတွေ အနေနဲ့ ပိုမို ဗဟုသုတ ရနိုင်ပါလိမ့်မယ်။

ပြတိုက်က တာဝန်ရှိသူတွေက ကျွန်တှောတို့ကို ဆက်လက် လေ့လာသင့်တဲ့ နေရာတွေကို ညွှန်ပြရုံတင်မက ဂိုက်လေး တစ်ယောက်ပါ ထည့်ပေးလိုက်ပါတယ်။ အဲဒီကနေမှ ကျွန်တှောတို့ ဘောဘောကြီး ဘုရားအထိ ကားနဲ့ သွားကြတယ်။ ဘောဘောကြီး ဘုရားဟာ ရှေးပျူလက်ရာစစ်စစ် တစ်ခုပါ။ ဂျပန်ခေတ်က ဂျပန်တွေ ဗုံးခွဲပြီး ဝင်ပုံးကြလို့ ပေါက်နေတဲ့ နေရာတွေကိုလည်း တွေ့ခဲ့ရတယ်။ အရင်အုတ် အပျက်အစီးတွေ နေရာမှာ ပြန်လည် ပြုပြင်ထားတာတွေက မသေသပ်ပါဘူး။ အဲဒီကနေမှာ ပတ်ဝန်းကျင်တဝိုက်မှာ ရှိတဲ့ လေ့လာစရာ နေရာတွေကို လမ်းလျှောက်ပြီး လေ့လာကြပါတယ်။

ဒီနေရာတွေမှာ ဘာထူးခြားတာ တွေ့ရလဲဆိုတော့ ဓာတ်ပုံ၊ ဗွီဒီယို မရိုက်ရ ဆိုတဲ့ တားမြစ်ချက်တွေပါ။ ပုဂံက နံရံဆေးရေးတွေ ပျက်စီးကုန်မှာစိုးလို့ တားမြစ်ထားတယ် ဆိုတာက နားလည်လို့ ရပေမယ့် ဒီလို တောထဲတောင်ထဲက ဘုရားတွေကို ဒီလို တားမြစ်ထားတာကိုတော့ နားမလည်နိုင်ပါဘူး။ ဂိုက်လေးကတော့ ဒါက နိုင်ငံခြားသားတွေကို တားမြစ်ထားတာလို့ ဆိုပါတယ်။ သူတို့တွေက ပန်းချီတွေဆွဲ၊ ဓာတ်ပုံတွေရိုက်ပြီး ပြန်ရောင်းစားကြလို့တဲ့။ ကျွန်တှော့အထင်က ကိုယ်မလုပ်နိုင်ရင် သူများ လုပ်တာကိုတော့ အားပေးသင့်တယ်လို့ ထင်မိတယ်။ ဒါမှလည်း မြန်မာပြည်မှာ ဒါတွေရှိတယ် ဆိုတာကို တစ်ကမဿဘာလုံးက သိနိုင်ပါမယ်။

နေကပူတာမို့ သွားရတဲ့ ခရီးဟာ တှောတှောပင်ပန်းပါတယ်။ ဒါပေမယ့် အားလုံးဟာ စိတ်ဝင်စားဖွယ် ပတ်ဝန်းကျင် အသစ်မှာ ပျှောရွှင်နေကြပါတယ်။ တစ်နေရာမှာတော့ လမ်းလျှောက်နေရင်းနဲ့ မြေကြီးထဲ မြုပ်နေတဲ့ ထူးဆန်းတဲ့ ကျောက်တုံးတစ်တုံးကို ကျွန်တှော့ မျက်စိက သွားတွေ့ပါတယ်။ သစ်ပင်ကနေ ကျောက်ဖြစ်နေတဲ့ အင်ကြင်းကျောက်လို ကျောက်ပါ။ ဒါပေမယ့် သက်တမ်းနုပါတယ်။ မြေသားက အေတာှက်စ္တာမို့ က်ြန္ေတာှတို့အားလံုး ေတာှေတာှ တူးယူရပါတယ်။ ဒီလိုကျောက်မျိုးကို ပုပဿပါးဘက်မှာ တွေ့ရတာ မထူးဆန်းပေမယ့် ဒီနေရာမှာ လာတွေ့တာ တှောတှောထူးဆန်းပါတယ်။ ပြီးတော့ နေရာတိုင်း တွေ့တာမျိုး မဟုတ်ပါဘူး။ အဲဒီကျောက်နဲ့ ခပ်လှမ်းလှမ်း နေရာမှာ နောက်ထပ် ကျောက်တစ်တုံး ထပ်တွေ့ပါတယ်။ ကိုယ့်မှာ ပစဿစည်းကိရိယာ မပါတာမို့ အဲဒီကျောက်ကို မြေကြီးထဲကနေ ထုတ်တာ နာရီဝက်ကျှော ကြာပါတယ်။ အားလုံး ချွေးပြိုက်ပြိုက် ကျခဲ့ရတာပါ။ တခြားနေရာတွေမှာ ဒါမျိုးကျောက် လုံးဝ မတွေ့ခဲ့တာမို့ ထူးဆန်းတဲ့ ကျောက်လို့ ထင်မိပါတယ်။
ကျွန်တှောတို့ အဲဒီကနေ ပြန်တော့ နေ့လည် ၁နာရီ ထိုးနေပြီ။ အားလုံးလည်း ဗိုက်တှောတှော ဆာနေကြတာမို့ တခြားနေရာတွေ မဝင်တော့ဘဲ ပြည်မြို့ကို ဦးတည်မောင်းပါတယ်။ ကားပှေါမှာ ပြည်သူပြည်သား တစ်ယောက်မှ မပါတာမို့ ဂိုက်ကောင်လေး ခှေါဆောင်ရာ ပြည်ကားကြီးဝင်းထဲက ထမင်းဆိုင်မှာ စားကြရပါတယ်။ မွေးကတည်းကနေ ဒီနေ့အထိ အဆိုးဝါးဆုံး ဟင်းလျာတွေပါပဲ။ (နောက်မှ သိရတာက ဘယ်သူမှ ကားကြီးဝင်းထဲ ထမင်းမစားကြဘူးတဲ့) ကျွန်တှောတို့မှာ ခှေါလာတဲ့ ဂိုက်ကို ဝိုင်းမေတဿတာပို့ရုံမှတခြား ဘာမှ မတတ်နိုင်တော့ပါဘူး။ ထမင်းတွေက အေးစက်မာတောင့်နေပြီး ဟင်းဆိုတာက ငံပြာရည်ရယ် အချိုမှုန့်ရယ်ကို ရောနယ်ထားတဲ့ အတိုင်းပါပဲ။ အဲဒီဟာကိုပဲ အတင်းဖြစ်ညှစ်စားပြီး နေ့လည်စာကို ပြီးလိုက်ရပါတယ်။
ပြည်ကနေ တောက်လျှောက် ရွှေနတ်တောင်ကို သွားပါတယ်။ ကားပှေါမှာ ပျှောစရာ အမေးအဖြေတွေ လုပ်ရင်း၊ သီချင်းတွေဆိုရင်း သွားလိုက်တာ ဘယ်လိုကနေ ဘယ်လို ရောက်သွားမှန်းတောင် မသိလိုက်ပါဘူး ရွှေနတ်တောင်ပှေါက ရှုခင်းဟာ အလွန်ပဲ သာယာလှပါတယ်။ ကျွန်တှောတို့ သွားတဲ့အချိန် အလုပ်သမားတွေကို သာကူကျွေးနေတာနဲ့ တိုက်နေလို့ ကုသိုလ်ဖြစ် ဝင်စားလိုက်ကြပါသေးတယ်။ ပြီးတော့ နေကလည်း ပူနေဆဲမို့ တောင်အောင်က အအေးဆိုင်လေးမှာ ခဏတာ အပန်းဖြေကြတယ်။ ပြန်ချိန်ကြပြီဆိုတော့ အားလုံးက မပြန်ချင်ကြတော့ပါဘူး။ နောက်တစ်ညအိပ် ခရီးတစ်ခု ဆက်သွားဖို့ တိုင်ပင်ကြတယ်။ ဒါပေမယ့် အဆင်မပြေတာမို့ အရင် အစီအစဉ်အတိုင်းပဲ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီကနေ ရေပြာဆိုတဲ့ စားသောက်ဆိုင်ကို ချီတက်ကြပါတယ်။ ရေပြာမှာ အေးအေးလူလူ နားနေရင်း ရေမိုးချိုးကြ၊ ဓာတ်ပုံရိုက်ကြ၊ အမှတ်တရ ပစဿစည်း လဲလှယ်ကြ၊ နောက်ခရီးစဉ်တွေအတွက် တိုင်ပင်ကြနဲ့ ညစာကိုလည်း အဲဒီမှာပဲ စားလိုက်ကြတယ်။ အဲဒီကနေ အပြန် ပေါင်းတည်ကို ရောက်တော့ စွယ်တှောပွဲ ရှိနေတာနဲ့ ပွဲခင်းထဲ လျှောက်ကြည့်ကြပါတယ်။ ပြီးတော့ ဘုရားမှာ ကျွန်တှောတို့ သူငယ်ချင်း ဘလော့ဂါ တစ်ယောက်အတွက် ဆုတောင်းကြတယ်။ ၁နှစ်မှာ သုံးကြိမ်လောက် ဒီလို ဗဟုသုတ ရနိုင်တဲ့ နေရာတွေကို အခုလို စုံစုံညီညီ ခရီးထွက်နိုင်ဖို့ တိုင်ပင်ကြတယ်။ ပေါင်းတည် စွယ်တှောပွဲဟာ ကြက်ပျံမကျ စည်ကားလှပါတယ်။ လူတွေဆိုတာ တိုးမပေါက်နိုင်အောင်ပါပဲ။ ကားလမ်းပှေါမှာ ကျနေတာမို့ ရှောင်လွှဲ သွားလို့လည်း မရတာမို့ ကားကို ဖြေးဖြေးမောင်းပြီး ဖြတ်ခဲ့ရတယ်။
ပြီးတော့ အရင် အလာတုန်းက နားခဲ့တဲ့ လက်ပံတန်းမြို့မှာ ခေတဿတနားကြပါတယ်။ အဲဒီကနေမှ ရန်ကုန်ကို တိုက်ရိုက် မောင်းလာလိုက်တာ မနက်လေးနာရီလောက်မှာ မြေနီကုန်းကို ရောက်ပါတယ်။ ကျွန်တှောတို့လည်း ပင်ပန်းလွန်းတာမို့ ကားဆိုက်တော့မှပဲ နိုးတော့တယ်။ အိပ်ချင်မူးတူးနဲ့ အိမ်ပြန်လာလိုက်တာ အိမ်ရောက်တော့မှ တူးလာတဲ့ ကျောက်တုံးတွေ ကားပှေါကျန်ခဲ့မှန်း သတိရတော့တယ်။ ကားသမားတွေကို လိုက်ရှာပေမယ့် ဖမ်းလို့ မမိတော့ပါဘူး။
ဒီခရီးစဉ်လေးဟာ ထင်ထားတာထက် ပိုမို အောင်မြင်ခဲ့ပါတယ်။ ဘလော့ဂါတွေ အချင်းချင်း ပိုမို ရင်းနှီးသိကျွမ်း ခဲ့ရသလို၊ မြန်မာ့ရှေးဟောင်း မြို့တှောတစ်ခုကိုလည်း ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ကွင်းဆင်း လေ့လာခဲ့ရတာမို့ ဗဟုသုတ ဒေသနဿတရ ဗဟုသုတ အနေနဲ့လည်း အများကြီး ရခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒီလို ဗဟုသုတဖြစ်ဖွယ် ခရီးစဉ်လေးတွေကို စီစဉ်သွားနိုင်အောင် ကျွန်တှောတို့ ကြိုးစားပါဦးမယ်။ နောက်အခေါက်တွေမှာ အခုထက် ပိုပြီး စည်းစည်းလုံးလုံးနဲ့ အခြားအခြားသော ဘလော့ဂါ အသစ်တွေပါ စိတ်ဝင်တစား ပါဝင်လာကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ WE BLOG WE UNITE!



No response to “2009 Myanmar Bloggger Gathering and Srikhittra Excursion”
Post a Comment
Trackbacks
Leave a trackback