လွမ်းမျက်ရည်ဥ
၁။
ဥဩရယ်မြည်
ရာသီက လု
ထန်းတောမြေ ယာအနီး
မဂျီးကနု။
၂။
ကွင်းပြင်မှာ
မင်းလွင်ကနု
မဂျီပင်တန်း
ကီးကန်းတွေ အသိုက်ဆောက်ထင့်
ကိုင်းခြောက်တွေလု။
၃။
မိုးသက်အေး
မိုးပြေးလေးဆင်လို့လာ
တောင်ဆီမှာ တိမ်တွေစု
မိုးသံလေသံကြားတော့
သွားလေသူအစ်မတို့မျက်နှာ
ပြန်မြင်ကာ ရှောရမ်းလို့
လွမ်းမျက်ရည်ဥ။
မောင်လင်းကြည်
ချင်းတွင်းမဂဿဂဇင်း
အမှတ် ၄၂၊ စက်တင်ဘာ၊ ၂၀၀၉
ဒီလ ချင်းတွင်းမဂဿဂဇင်းထဲက တောနံ့တောင်နဲ့ မေတဿတာရနံ့ သင်းနေတဲ့ ကဗျာလေးပါ။ ကဗျာလေးက လှလို့ ရင်ထဲ တိုးဝင်သွားပေမယ့် အပိုဒ်နှစ်က ကျီးကန်းတွေ အသိုက်ဆောက်ထင့် ဆိုတဲ့ စာသားလေးနဲ့ အပိုဒ်သုံးက တောင်ဆီမှာ တိမ်တွေစု၊ မိုးသံလေသံကြားတော့ ဆိုတဲ့ စာသားလေးတွေကတော့ ကဗျာမှာ ထောက်နေတယ် ထင်မိပါတယ်။

No response to “လွမ်းမျက်ရည်ဥ”
Post a Comment
Trackbacks
Leave a trackback