ကိုယ္က ကြန္ပ်ူတာ တကဿကသိုလ္က ရဲရဲတောက် ကျောင်းသားတစ်ယောက် ဖြစ်ခဲ့လေတော့ ဒီတကဿကသိုလ်ကို ကိုယ့်မိခင်လိုပဲ သဘောထားတယ်။ ကိုယ်ကသာ ကျောင်းတှောနဲ့ ဝေးသွားပေမယ့် ကိုယ့်သူငယ်ချင်း၊ မိတ်ဆွေ၊ ညီ၊ ညီမတွေက ကျောင်းတှောမှာ ဆက်ရှိနေတုန်းဆိုတော့ ကျောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို အမြဲကြားနေရတယ်။ တချို့လည်း ကျောင်းတက်တုန်း၊ တချို့လည်း မာစတာ၊ တချို့လည်း ဆရာဖြစ်၊ တချို့လည်း ဒေါက်တာတွေဖြစ်လို့။ တစ်နေ့တစ်နေ့ ကြားရတဲ့ သတင်းတွေက နဲနဲလေးမှ မကောင်းဘူး။ ကျောင်းသားတစ်ယောက်ဟာ အလိုလို ကျောင်းတက်ချင်စိတ်ကို ရှိနေရမယ်။ ဒီလို ကျောင်းတက်ချင်စိတ် ရှိအောင်လို့ ကျောင်းမှာ ဆွဲဆောင်မှုတွေ ရှိနေရမယ်။ အဖေပြောတဲ့ အရင်က တကဿကသိုလ်တွေ အကြောင်းကို ပြန်သတိရတယ်။ နယ်စုံ ဒေသစုံက ကျောင်းသားတွေ လာတက်ကြတော့ တကဿကသိုလ်မှာ သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ ဒီဒေသကလူနဲ့ ဟိုဒေသကလူ ချစ်ခင်အိမ်ထောင်ပြု၊ ဒီတိုင်းရင်းသားနဲ့ ဟိုတိုင်းရင်းသား ရင်းနှီး အိမ်ထောင်ပြု။ ဒီလူတွေ ဘွဲ့တွေရ နောင်တစ်ချိန် နိုင်ငံတှော အုပ်ချုပ်ရေးမှာ ပါဝင်လာကြတော့ တကဿကသိုလ်ထဲက ခင်မင်ရင်းစွဲ ရှိပြီးသားတွေမို့ တစ်ယောက်သဘော တစ်ယောက်သိ လေးစားသမှုလည်း ရှိကြတယ်။ ဒီတိုင်းရင်းသား နိုင်ငံခေါင်းဆောင်ဖြစ်တော့ ကိုယ့်သူငယ်ချင်း ဟိုတိုင်းရင်းသားရဲ့ လူမျိုးစုတွေကိုလည်း ကြည့်ရှု့စောင့်မတယ်။ တကဿကသိုလ္ဆိုတာ ဒီလိုတဲ့။ ပညာရပ်တွေ အသာထား အရောင်အသွေးစုံတဲ့ ကျား၊ မ လူမျိုးပေါင်းစုံ လာတက်လေတော့ လူ့သဘာဝအတိုင်း ကိုယ်စိတ်ဝင်စားတဲ့သူ ဒီနေ့ဘာလေး ဝတ်လာလေမလဲ ဒါကို လာကြည့်တာနဲ့တင် တကဿကသိုလ်ကြီးဟာ စည်ကား သိုက်မြိုက်သတဲ့။ ကျွန်တှောတို့ ကိုယ်တိုင်လည်း ငယ်သူငယ်ချင်းတွေထက် တကဿကသိုလ်က သူငယ်ချင်းတွေနဲ့ ပိုပြီး ရင်းနှီးပါတယ်။ သာမဏေနသာမဏေဏော၊ ဂေါဏေနဂေါဏော မို့ စိတ်တူကိုယ်တူလည်း များပါတယ်။
ကျွန်တှောတို့ ကျောင်းတှောကြီးကို သွားသာကြည့်ပေတော့။ ဝေးလံသီခေါင် တောမှောင်မှောင်မှာ တစ်နေ့လာလည်း ဒီဝတ်စုံ၊ နောက်တစ်နေ့လည်း ဒီဝတ်စုံ။ သတ်မှတ်ထားတဲ့ ဝတ်စုံကလည်း စိတ်ဓာတ် ရွှင်လန်းဖွယ်မရှိ။ မျက်နှာကြည့်လိုက်ရင် ချွေးအလိမ်းလိမ်းနဲ့ တကဿကသိုလ်ကျောင်းသား ဆိုတဲ့ ဝင့်ကြွားမှုမရှိ။ မဝံ့မရဲ ဖြစ်နေသလိုလို အားငယ်နေသလိုလို။ အထက်တန်း ကျောင်းသား ဘဝကမှ အဲဒီထက် ပိုလွတ်လပ်သေးတယ်။ ဒီဝတ်စုံ ကိစဿစကလည်း ပြောမယ့်သာ ပြောရတာ လောရှည်ပြောသလို ယဉ်ကျေးမှု မျက်နှာဖုံးကြီး စွပ်ထားတဲ့ ကိစဿစကြီးပါပဲ။ ယဉ်ကျေးမှုပြောတော့ ဘယ်ခေတ်ကာလက ယဉ်ကျေးမှုကို မြန်မာ့ယဉ်ကျေးမှုလို့ ယူမှာလဲလို့ တိတိကျကျ မေးရမယ် ထင်ပါရဲ့။ ဒေါက်တာသန်းထွန်း ပြောတဲ့ ပုဆိုးဝတ်တာ မြန်မာ့ယဉ်ကျေးမှုမဟုတ်၊ ဘောင်းဘီဝတ်တာက မြန်မာ့ယဉ်ကျေးမှု စစ်စစ် ဆိုတဲ့ စကားလေးလည်း ပြန်သတိရမိပြန်တယ်။ အထက်ဟာလာဟင်းလင်းနဲ့ ရှေးမြန်မာအမျိုးသမီး ဓာတ်ပုံများလည်း ကျွန်တှောက မြင်ဖူးထားလေတော့ ဘယ်ဟာကို မြန်မာ့ယဉ်ကျေးမှုမှန်း အတိအကျ မသတ်မှတ်တတ်ပါ။ ထားတော့။
ဒီလို တကဿကသိုလ်ထဲမှာ ချစ်သူ ရည်းစား ဖြစ်ကြတာ ဘာဆန်းသလဲ။ လူမြင်ရာမှာ အမြင်မသင့်တှောတာ မပြုလုပ်ရင် ပြီးတာပဲ မဟုတ်ဘူးလား။ အခုတော့ ချစ်သူ ရည်းစားတွေ ခမျာမှာလည်း တွဲသွားတွဲလာတောင် ပါမောကဿခချုပ်ကို ကျီးကန်းတောင်းမှောက် ကြည့်ပြီး နေကြရသတဲ့။ ကိုယ့်ရည်းစား ကျောင်းလိုက်ပို့လို့ ဂိတ်ကနေ ကျောင်းထဲအထိ တွဲသွားမိတဲ့ ဆရာမ တစ်ယောက်ခမျာ မျက်ရည်ပေါက်ပေါက် ကျရတဲ့အထိ ကြိမ်းမောင်းခံရသတဲ့။ ဒေါက်တာဘွဲ့ လုပ်နေတဲ့ ဆရာဆရာမတွေ ခမျာလည်း အဆောင်နေရင်းနဲ့ တယ်လီဖုန်းဂျူတီ၊ ဂိတ်ဂျူတီတွေ စောင့်ရပါသတဲ့။
ကျွန်တှောကတော့ ရှင်းရှင်းလေးပဲ။ ဟိုတလောက ဆရာကတော့ပွဲလုပ်တယ်။ ဒီပါချုပ်နဲ့ ကျွန်တှောတို့ မဆုံလိုက်ပါဘူး။ ဒါပေမယ့် ဒီသတင်းတွေ ကြားနေတော့ ဘယ်လိုမှ လေးစားလို့ မရတာမို့ ဆရာကန်တော့ပွဲတောင် မသွားပါဘူး။ ခေါင်းဆောင်ကောင်း ပီသတဲ့သူကို ခေါင်းဆောင်လို့ လေးလေးနက်နက် ခှေါချင်တယ်။ ဆရာပီသတဲ့ သူကိုမှ ဆရာလို့ လေးလေးစားစား ခှေါချင်တယ်။ ရိုကျိုးချင်တယ်။ ကျန်တာတွေကိုတော့ ဆောရီးပဲ။
ခင်မင်တဲ့ ညီ ညီမငယ် တှောတှောများများက ကျွန်တှော့ကို လာလာတိုင်ပင်ကြတယ်။ တှောတှောများများက အောနပ်စ်၊ မာစတာ ရကြတာတောင် တက်ချင်စိတ် မရှိကြတော့ဘဲ နိုင်ငံခြား သွားဖို့ပဲ စိတ်ကူးကြတော့တယ်။ မေးကြည့်လိုက်ရင် အဖြေက တစ်မျိုးထဲပဲ။ ဒီကျောင်းကို ဆက်တက်ချင်စိတ် မရှိတော့ဘူးတဲ့။ ဒီကပြီးသွားတော့လည်း ဘာဖြစ်လာမှာလဲတဲ့။ ကျွန်တှော စဉ်းစားကြည့်တယ်။ ဘာလို့ ကိုယ့်မိခင် ကျောင်းကို စိတ်နာကြတာလဲ။ ဘာလို့ ကိုယ့်မိခင်ကျောင်းကို အထင်မကြီးကြတာလဲ။ ဘာလို့ ကိုယ့်မိခင်ကျောင်းကို ခင်တွယ်စိတ် မရှိကြတာလဲ။ ဒါဟာ သုတေသနတောင် ပြုသင့်တဲ့ အချက်ပါ။ ဒီလိုနဲ့ နိုင်ငံခြားကို အလျှိုအလျှို ရောက်ကုန်ကြပါတော့တယ်။ ကျွန်တှောကိုယ်တိုင် နိုင်ငံရပ်ခြားမှာ ကျောင်းတက်ခဲ့တာမို့ နိုင်ငံခြားနဲ့ မြန်မာပြည်က ပညာရေး ပုံစံနဲ့ သင်ကြားရေးပုံစံ၊ ပံ့ပိုးမှု စတဲ့ ကွာခြားချက်တွေကို သိပါတယ်။ အဲဒါတွေကို တစ်ချက်ချင်း ပြောရရင်တော့ ကုန်နိုင်ဖွယ် မရှိတဲ့အတွက် မပြောချင်တော့ပါဘူး။ တစ်ခုပဲ နိုင်ငံခြားမှာ ကျောင်းတက်ရတာ လွတ်လပ်ပြီး ပျှောရွှင်ဖို့ ကောင်းပါတယ်။ ဒါကြောင့် တကဿကသိုလ်ကျောင်းသားဘဝ ပျှောရွှင်မှုကို သူတို့ အပြည့်အဝ ရရှိစေချင်တာလေး ပါပဲ။ ပညာရေးဟာ ပျှောရွှင်ဖွယ်ရာ ပညာရေးပဲ ဖြစ်သင့်ပါတယ်။



3 Responses to “ကွန်ပျူတာတကဿကသိုလ် ဘယ်လဲဘာလဲ”
ဟုတ်ပ . စီနီယာကြီးရယ်. တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ ထိုင်ဖို့ချပေးထားတဲ့ထိုင်ခုံမှာတောင်ထိုင်ခွင့်မရှိ. etc.. etc.. စာသင်မှာလား. ဘာလုပ်မှာလဲမသိဘူးဗျာ. တော်တော်စိတ်ညစ်ရတယ်.
ကိုညီလင်းဆက်ရေကောင်းတယ်ဗျာ ဒီပိုစ်လေးကိုကျွန်တော်တို့ ucsycyber လို့ ခေါ်တဲ့ ucsy ကျောင်းသားတွေလုပ်ထားတဲ့ ဆိုဒ်မှာတင်ချင်လို့ ပါခင်ဗျ ခွင်ပြုပေးပါ
Dear bro NYI LYNN SECK,
I'm also from UCSY. I think , Daw Ni Lar Thein needs to think about that , she should do the research ,know themselves and change themselves.
Warmest Regards,
Ms Aye Thet
Post a Comment
Trackbacks
Leave a trackback