
သားစိုးရဲ့ ရှိုးပွဲအတွက်ဆိုပြီး သူငယ်ချင်းက ဒီဇိုင်း လာလုပ်ခိုင်းပါတယ်။ စီစဉ်သူတွေက ငယ်ပေါင်းကြီးဖှော (ငယ်ငယ်ကတည်းက ပေါင်းလာပြီး သိထားသမျှ အတွင်းရေးကို ကြီးလာသောအခါ ဖှောသောသူများ) တွေ ဖြစ်တာမို့ ငြင်းလို့ကလည်း မရပါဘူး။ ပေးတဲ့အချိန်က တစ်ရက်တဲ့။ ပေးလာတဲ့ ဓာတ်ပုံက လက်မလောက် ပုံလေးတွေနဲ့ သူတို့ မျက်စိထဲ ကြိုက်တယ်ဆိုတဲ့ ပုံတွေ။ ပြီးတော့ ပြောသေးတယ်။ ရှိတာနဲ့ ရအောင်လုပ်တဲ့။ ဒါနဲ့ ဘယ်ရမလဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောပြီး မူရင်းမကောင်းရင် မိတဿတူမကောင်းနိုင်ဘူး ဘာညာနဲ့ ခြိမ်းခြောက် လိုက်တော့မှ အရည်အသွေးမြင့် ဓာတ်ပုံလေးအချို့ ထပ်ရောက်လာတယ်။ ပို့လာသမျှ ပုံတွေက သားစိုး နတ်ကတှော အဝတ်အစားနဲ့ ပုံတွေချည်းပဲ။ ဒီဇိုင်နာ တစ်ယောက်အတွက် အနေအထား အမျိုးမျိုးက ရိုက်ထားတဲ့ ဓာတ်ပုံအမျိုးမျိုး ရဖို့ လိုအပ်တာလည်း ဒင်းတို့ မသိဘူး။ အဲဒီတော့ သားစိုးပုံ ရှိနိုင်တဲ့ လူတွေကို အကူအညီတောင်းရတယ်။ People က ကိုလမင်းနိုင်က သူရိုက်ထားတဲ့ ပုံတွေ ပြပါတယ်။ ဒါနဲ့ သုံးပုံလောက် ယူလာခဲ့တယ်။ မနဿတလေး ရွှေကျောင်းမှာ ရိုက်ထားတဲ့ ပုံလေးတွေလည်း ပြန်ရှာရတယ်။
ေဘာှဒါမ်ားက နတ္ကေတာှပံုကို အသားမေပးခ်င္ပါဘူးတဲ့။ က်ြန္ေတာှကေတာ့ မရဘူး။ အဲဒီပုံကို သေချာ ဖြတ်ညှပ်ကပ်ပြီး ဒီဇိုင်းလုပ်ပစ်လိုက်ပါတယ်။ အရောင်ကို အဓိက ထားတယ်။ Tradition+Street Style ဖြစ်အောင် Layout ချတယ်။ သူတို့တော့ မသိပါဘူး။ ကျွန်တှောတော့ တှောတှောပင်ပန်းသွားတယ်။ ဒီဇိုင်း လုပ်တာထက် အဲဒီဒီဇိုင်းကို သူတို့ဆီပို့ဖို့ အပ်လုဒ် လုပ်တာက ပိုပင်ပန်းပါတယ်။ ဒါပေမယ့် အပြီးသတ်ချိန်မှာတော့ ဒီဒီဇိုင်းလေးကို တှောတှော သဘောကျသွားတယ်။ နိုင်ငံခြားမှာ မြန်မာတစ်ယောက် လုပ်တဲ့ပွဲမို့ သေသေချာချာ အပင်ပန်းခံ လုပ်ခဲ့တာပါ။ အမြတ်ထွက်ရင်တဲ့ IPhone တစ်လုံး လက်ဆောင် ပို့လိုက်မယ်ဆိုလား ပြော(ဖော?) သွားပါသေးတယ်။ ကျန်းမာပါစေ။



No response to “သားစိုးရဲ့ ရောသမည”
Post a Comment
Trackbacks
Leave a trackback