သရက်ခုံ (ရေဇင်း) မြို့ဟောင်း
Location on Google Earth: 19°48'56.88"N, 96°17'1.21"E


အဲဒီမြို့ဟောင်းဟာ တကယ်တော့ နာမည် အတိအကျ မသိရတဲ့ မြို့ဟောင်း တစ်ခုပါ။ ဆရာဦးအောင်မြင့်က ဒါကို ရေဇင်းအနီးက သရက်ခုံရွာလေးနားမှာ ရှိတာမို့ သရက်ခုံ (ရေဇင်း) မြို့ဟောင်းရယ်လို့ နာမည် စတိ တပ်ပေးထားတာ ဖြစ်ပါတယ်။ ဆရာ့ရဲ့ အယူအဆ အရတော့ ဒီမြို့ဟောင်းလေးဟာ တောင်ငူ ၅၂မြို့ထဲမှာ ပါခဲ့တဲ့ မြို့တစ်မြို့ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီမြို့လေးရဲ့ ပုံသဏဿဌာန်ဟာ မှန်ကူကွက်ပုံ ဖြစ်ပါတယ်။ အလျားတစ်ဘက်ဟာ ၁၃၉၅ပေလောက်ရှိပြီး အနံက ၉၈၄ပေ ရှိတယ်လို့ သိရပါတယ်။ မြို့ခွင် ဧရိယာဟာ ၃၂ဧကခန့် ရှိပါသတဲ့။ မြို့ရိုးရာတွေလည်း ထင်ရှားစွာ ရှိသေးတယ်လို့ ဆိုထားပါတယ်။ ဆရာဦးအောင်မြင့်ရဲ့ ကောင်းကင်ဓာတ်ပုံများမှ မြန်မာ့ရှေးဟောင်း မြို့တှောများ စာအုပ်ကို ထုတ်ခဲ့တာ ၁၉၉၈ ခုနှစ်ကပါ။ အောက်ကပုံမှာတော့ ၂၀၀၉ ခုနှစ် အဲဒီ မြို့ဟောင်းနေရာလေး ပြောင်းလဲသွားပုံကို တွေ့ရမှာ ဖြစ်ပါတယ်။



နေပြည်တှောကို ရောက်ဖြစ်ပေမယ့် အဲဒီနေရာက စစ်ရုံးဘက် သွားရာ လမ်းဖြစ်တာမို့ အခုဆောက်ထားတဲ့ အဆောက်အဦဟာ ဘာလဲဆိုတာ ကျွန်တှော သေချာ မသိပါဘူး။ မြင်ရတဲ့ ပုံစံအရတော့ တှောတှောကြီးတဲ့ ပြတိုက်လို၊ ခန်းမလိုမျိုး တစ်ခုခု ဖြစ်မယ်လို့ ထင်မိပါတယ်။ အဆောက်အဦရဲ့ နယ်နိမိတ်ဟာ ယခင် မြို့ဟောင်းရဲ့ အပှေါမှာ တည့်တည့်ကျနေရုံမက ဧရိယာအနေနဲ့ ပိုတောင် ပိုပါသေးတယ်။ အသစ်အသစ်တွေ ရောက်လာတဲ့အခါ အဟောင်းအဟောင်းတွေဟာ ကွယ်ပျောက်သွားကြတာ ဓမဿမတာပါပဲ။ ဒါပေမယ် ဒီမြို့ဟောင်းလေးဟာ ဘာလဲဆိုတာ သေသေချာချာ မသိရခင်မှာ အခုလို ပျောက်ကွယ်သွား ရတာကိုတော့ သမိုင်းတန်ဖိုးအရ နှမြောနေမိတာပါပဲ။
Ref: ကောင်းကင်ဓာတ်ပုံများမှ မြန်မာ့ရှေးဟောင်း မြို့တှောများ၊ ဦးအောင်မြင့်၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ၁၉၉၈



No response to “သရက်ခုံ (ရေဇင်း) မြို့ဟောင်း”
Post a Comment
Trackbacks
Leave a trackback