You might know that there was a heart shaped Lake in Chin State of Myanmar called Rih Dil (Heart Lake). But, there is another heart shaped mountain can be seen in Sagaing Division (22°11'15.94"N, 94°59'3.02"E) through Google Earth and it is more alike heart than Rih. It is 10.5 miles away from North-West of Monywa and 8 miles away from 30 degree North-East of Yin Mar Bin, Sagaing Division, Myanmar.

ချင်းပြည်နယ် တီးတိန်နားက Rih ရေအိုင်

အသည်းပုံ တောင်ကုန်းရှိရာ

Crator လမ်းကြောင်းလို့ ယူဆချင်စရာ အနေအထား

အမြင့်ပေ ၅၀၀၀၀ ကျှောမှ မြင်ရစဉ်

အသည်းပုံ ပီပြင်လွန်းတဲ့ တောင်ကုန်း
ကျွန်တှော ဒီဟာကို စတွေ့တော့ တှောတှောလေး အံ့ဩသွားပါတယ်။ ချင်းပြည်နယ်က ရိဒ်ရေအိုင်ဟာ အသဲပုံဖြစ်နေလို့ နာမည်ကျှောတယ်။ ဒီနေရာကတော့ ရိဒ် ရေအိုင်ထက်ကို အသဲပုံ ပိုပီသပါသေးတယ်။ ဒီနေရာဒီပုံစံ ရှိတာကို ဘယ်စာအုပ်မှာမှ မဖတ်ဖူးခဲ့လို့ ဒါကို ပထမဆုံး တွေ့ရှိတာလို့ ထင်မိပါတယ် (Thanks Google Earth!)။ တကယ်တော့ အဲဒီနေရာ တဝိုက်ကို စိတ်ဝင်စားနေခဲ့တာ ကြာပါပြီ။ တချို့ကလည်း မီးတောင်ဟောင်းလို့ ပြောကြတဲ့၊ တချို့ကလည်း ဂြိုဟ်ပဲ့တွေ ထိမှန်လို့လို့ ပြောကြတဲ့ တွင်းတောင် ရှိနေလို့ရယ်၊ ရှေးဟောင်းလူရုပ်ကြွင်းတွေ တွေ့ရှိရာ ညောင်ကန်ဒေသ ရှိနေလို့ရယ် မကြာခဏ ဆိုသလို လေ့လာဖြစ်တယ်။ အခုနောက်ပိုင်း အဲဒီနေရာကို High Res မြေပုံတွေ ရောက်လာမှ အဲဒီ အသည်းပုံနေရာကို တွေ့ခဲ့ရတာပါ။ အဲဒီ အသည်းပုံ တည်ရှိနေတဲ့ နေရာက ယင်းမာပင်မြို့ရဲ့ အရှေ့မြောက် ၈ မိုင်ခန့်၊ စပယ်တောင် ကြေးနီစက်ရုံရဲ့ အနောက်မြောက် ငါးမိုင်ခန့်၊ မုံရွာလေယာဉ်ကွင်းရဲ့ အနောက်တောင် ခုနစ်မိုင်ခန့် အကွာလောက်မှာဖြစ်ပြီး ချောင်းမကြီးနဲ့ ယမားချောင်း ကြားထဲမှာ ဖြစ်ပါတယ်။ ပထမတော့ အဲဒီနေရာကို ဖိုလ်ဝင်တောင်လို့ ထင်လိုက်မိတယ်။ ဒါပေမယ့် ဖိုလ်ဝင်တောင်က ယင်းမာပင် အရှေ့တောင်ဘက်လောက်မှာ ရှိတာဆိုတော့ မဟုတ်ပြန်ဘူး။ Google Earth မှာရော WorldWind မှာပါ စေ့စေ့စပ်စပ် လေ့လာကြည့်ပေမယ့် အဲဒီနေရာရဲ့ နာမည်ကို သဲလွန်စ မတွေ့ရပါဘူး။ မြေပုံထဲမှာ ကြည့်တော့လည်း မပါဘူး။ အမြင့်ပေကလည်း ၆ဝဝကျှော၊ အကျယ်အဝန်းကလည်း အချင်း တစ်မိုင်လောက်ဆိုတော့ တောင်ကုန်းတစ်ခုလို့ ထင်မိပါတယ်။ တောင်ကုန်းပေမယ့် သစ်တော သိပ်ထူထပ်ပုံတော့ မရပါဘူး။ တည်ရှိနေပုံက သိပ်ကို စနစ်ကျလွန်းတာမို့ သစ်တောကြိုးဝိုင်း တစ်ခုများလားလို့လည်း ထင်မိသေးတယ်။ မုံရွာမုံရွေးနားက လူတွေတော့ သိကြမယ်လို့ ထင်ပါတယ်။
ဘုတလင် တွင်းတောင်ကို မီးတောင်ဟောင်းလို့ အခိုင်အမာ ဆိုကြပါတယ်။ ဒါပေမယ့် တချို့ကလည်း ဂြိုဟ်ပဲ့တွေ (Crator) ထိမှန်ခံရလို့ ဖြစ်လာတဲ့ တွင်းချိုင့်လို့ ယုံကြည်ကြတယ်။ ကျွန်တှောလည်း မီးတောင်ဟောင်း ဆိုတာထက် Crator တွေ ထိလို့ ဖြစ်လာတာလို့ ပိုယုံချင်နေမိပါတယ်။ ဘာလို့လည်း ဆိုတော့ ဒီလို ထိမှန်ခံရရင် Bounce ဖြစ်ပြီး အတန်းလိုက် ချိုင့်နေရာတွေ တွေ့ရလို့ပါပဲ။ (အဲဒီအကြောင်း ဒီနေရာမှာတောင် ရေးဖြစ်ခဲ့သေးတယ်)။ အဲဒီထက် ပိုပြီး တကယ်လို့ ဒါဟာ တကယ့်ကို ဂြိုဟ်ပဲ့တိုက်မိလို့ ဖြစ်လာတာဆိုရင် ဂြိုဟ်ပဲ့ဟာ အမှုန့်မှုန့်ကျေပျက်ပြီး ပျောက်ကွယ်မသွားဘဲ အဲဒီ ချိုင့်ဝှမ်းတွေနဲ့ မနီးမဝေးမှာ တည်ရှိနေနိုင်တယ်လို့ ထင်နေမိတာပါ။ (ပညာရှင်အတွေးမဟုတ်ပါ ကိုယ်စိတ်သန်ရာကို ဆွဲတွေးတာ ဖြစ်ပါတယ်) အဲဒီအရှိန်ကြောင့် ပုံတောင်ပုံညာက ကျွန်တှောတို့ ဘိုးဘေးကြီးတွေ မျိုးပြုတ်ကုန်တာလားလို့လည်း စိတ်ကူးယဉ်မိပြန်တယ်။ အခု အသည်းပုံ တောင်ကုန်းကလည်း အဲဒီ ချိုင့်ဝှမ်းတွေနဲ့ သိပ်မဝေးတာကြောင့် စိတ်ဝင်စားမိနေပြန်တယ်။ ဘာပဲဖြစ်ဖြစ် အသည်းပုံ တိတိကျကျ လှလှပပ နေရာလေးတစ်ခုကို ကောင်းကင် ဓာတ်ပုံအနေနဲ့ မြင်ရတာကို မှတ်တမ်းတင်ထားလိုက်ပါတယ်။
ဒီဒေသဟာ မြန်မာပြည်ရဲ့ တစ်ခုတည်းသော ကြေးနီထုတ်လုပ်ရာ ဒေသလည်း ဖြစ်ပါတယ်။ ငယ်ငယ်က ပထဝီမှာ သင်ခဲ့ရတဲ့ လက်ပတောင်းတောင်၊ ကြေးစင်တောင်၊ ခမောက်တောင် စတဲ့ နေရာတွေ တည်ရှိရာ ဖြစ်ပါတယ်။ ဒီနေရာကို အတည်ပြုနိုင်ဖို့ ဆက်လက်ကြိုးစားခဲ့ရာမှာ ဟိုးတစ်ခါ လုပ်ခဲ့တဲ့ မြန်မာနိုင်ငံ မြို့ရွာများ အဘိဓာန်လေးက အကူအညီ ပေးပါတယ်။ အဲဒီတောင်ရဲ့ အနီးအနား ပတ်ဝန်းကျင်မှာ ပြန်လှည့်၊ လက်ပဒေါ၊ အိုးဘို၊ ဥကဿကံ၊ ဘန့်ဘွေး၊ တရောကျင်း စတဲ့ ရွာလေးတွေကို တွေ့ရလို့ အဲဒီရွာတွေကနေ တဆင့် ခြေရာခံကြည့်တဲ့အခါ ဒီနေရာဟာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်-သီးကုန်း ကျေးရွာစု နဲ့ ဘန့်ဘွေးကျေးရွာစုတွေ ကြားထဲမှာ တည်ရှိနေတာကို သိခဲ့ရပါတယ်။
Read Entry in Keyhole [Link]
Download Google Earth KMZ File [Download]



One response to “Google Earth shows Heart Shaped Mountain in Myanmar”
really really like this ... can sense your commitment on sharing ...
Post a Comment
Trackbacks
Leave a trackback