Laptop က ပါဝါပျက်ပျက်ကျနေလို့ မြေနီကုန်း KMD မှာ ၁၀ ရက်နေ့က သွားအပ်တယ်။ Bad Sector ဖြစ်နေတယ် ထင်လို့ HD ကို စစ်ပေးပါလို့ လိုအပ်ရင်လည်း HD အသစ်လဲပေးဖို့ မှာပါတယ်။ Recovery Console တစ်ခုလုံးက စက်ထဲမှာပဲ ရှိနေတာမို့ အဲဒါလေး ဂရုစိုက်ဖို့လည်း မှာရပါတယ်။ သူတို့က ၂ရက်ခွာပြီး ချိန်းတယ်။ ၁၂ရက်နေ့ မေးတော့ အရင် HD နဲ့ စမ်းသပ်နေတုန်းပဲတဲ့။ မရသေးဘူး ပြောတယ်။ ၁၄ရက်နေ့မှာ ထပ်မေးတယ်။ HD မကောင်းတာ မဟုတ်ဘူးတဲ့။ ဝင်းဒိုး ပြန်တင်လိုက်တာ ကောင်းသွားပြီတဲ့။ Drivers တွေကိုတော့ ဒေါင်းလုဒ် ချရမှာမို့ စောင့်ရမယ်လို့ ပြောတယ်။ အင်း ဘယ်တတ်နိုင်မလဲ စောင့်ရမှာပေါ့။ ဒါနဲ့ ဒီမနက် ဖုန်းဆက်လာပြန်တယ်။ HD မကောင်းဘူးတဲ့။ လဲရမယ်တဲ့။ လူက ဒေါသတှောတှော ထွက်လာပါတယ်။ မနေ့ကပဲ ဝင်းဒိုးတင်ပြီး ဘာမှ လဲစရာ မလိုဘူး ကောင်းတယ် ပြောတယ်။ အခု မကောင်းဘူး ဖြစ်ပြန်တယ်။ သူတို့ 320Gb Seagate နဲ့ စမ်းတင်ကြည့်ထားတာ ကောင်းတယ်တဲ့ လဲမလားပေါ့။ ဘာတတ်နိုင်မှာလဲ လဲပေါ့။ ဒါပေမယ့် 320Gb မလိုအပ်လို့ 250Gb နဲ့ ပြောင်းပေးပါလို့ ပြောပါတယ်။ သိပ်မကြာဘူး ဖုန်းပြန်ဆက်လာတယ်။ အကို့စက်က HD လဲလည်း မကောင်းဘူးတဲ့ မားသားဘုတ် ထိတာတဲ့။ မူရင်းဝယ်တဲ့ဆီကို ပြန်ပို့ပြီး ပြင်မှ ရမယ်လို့ ပြောလာတယ်။ ကျွန်တှော တှောတှော့ကို ဒေါသထွက်သွားပါတယ်။ ဒါဆိုဘာလို့ တစ်ရက်တစ်မျိုး အမျိုးမျိုး ပြောနေတာလဲလို့ ပြောမိပါတော့တယ်။ သူတို့ ပြောသလိုသာ MB ထိနေတယ် ဆိုရင် မနက်ကသာ 320Gb နဲ့ ရပြီဆိုလို့ သွားယူမိရင် ပိုက်ဆံ ၆၅၀၀၀+ Service Charges ပေးရမယ့်အပြင် ခဏနေရင် ပြန်ဖြစ်မှာ သေချာနေပြီပေါ့။ ဒါကို ဘာလို့ အမျိုးမျိုး ပြောနေတာလဲဆိုတာ ကျွန်တှော စဉ်းစားလို့ မရဘူး။ ကိုယ့်စက်လည်း မဟုတ်ဘူး သူများစက်ဆိုတော့ သူတို့က ကောင်းပြီပြောလိုက် ကိုယ်က ဘာမှလဲစရာ မလိုဘူးလို့ ပြန်ပြောလိုက်၊ သူတို့က HD လဲရမယ်ပြောလိုက် ကိုယ်က HD တော့ လဲရမယ်ဆိုပြီး ပိုက်ဆံတောင်းလိုက်နဲ့ အခု မရဘူးဆိုတော့ ကြားထဲက မျက်နှာပျက်ရပါတယ်။ စောင့် ဆိုလို့လည်း စိတ်ရှည်လက်ရှည် စောင့်နေတာပဲ။ တောက်။ နောက်ဆုံးတော့ သောက်ချိန် ကုန်တာပဲ အဖတ်တင်တယ်။ ကျွန်တှောတို့လို Customer တစ်ယောက် လျှော့သွားလို့ သူတို့ စီးပွားရေး မထိခိုက်ပါဘူး။ ဒါပေမယ့် Service ဆိုတာကြီးကိုတော့ တှောတှော စိတ်ပျက်သွားမိတယ်။ ဆရာဦးသောင်းတင်တော့ အားနာပါရဲ့ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ ကိုယ်တွေ့မို့ ဒေါသ တှောတှော ထွက်နေတယ်။
Tuesday, September 15, 2009
အမျိုးမျိုးပြောသည် KMD

Labels:
Diary,
Experience

One response to “အမျိုးမျိုးပြောသည် KMD”
ဟုတ်တယ် အဲဒီ KMD က ဒီအတိုင်းပဲ အိုင်လဲ အဲဒါမျိုးကြုံဖူးတယ်
Post a Comment
Trackbacks
Leave a trackback