ပြည်ကို ခရီးသွားကြတုန်းက အချင်းချင်း အမေးအဖြေတွေ လုပ်ရင်း ညီငယ် တစ်ယောက်က မေးတယ်။ Feed Reader ကို သုံးတဲ့အတွက် Feed တွေကို ပေးဖတ်ခွင့် ပြုတဲ့အတွက် Pros & Cons ပေါ့။
ဒါက နှစ်ပိုင်း ရှိတယ်လို့ မြင်မိတယ်။ တစ်ပိုင်းက ဖတ်တဲ့သူအပိုင်း၊ နောက်တစ်ပိုင်းက ရေးတဲ့သူရဲ့အပိုင်း။ ဖတ်တဲ့သူအပိုင်းက Pros ပိုများပါတယ်။ Feed တွေကို Reader တစ်ခုထဲမှာ ထည့်ထားပြီး တစ်နေရာထဲကနေ ထိုင်ဖတ်နေရုံပဲ။ ဘာမှလည်း ကျှောစရာ မလိုဘူး။ Feed Reader ကို ဘန်းထားရင်တော့လည်း မပြောတတ်ဘူး။ ပြီးတော့ အသစ်တက်သမျှကိုသာ ရွေးဖတ်လို့ ရတာမို့ အချိန်ကုန်လည်း သက်သာတယ်။ Reader ဖတ်တဲ့သူ အချင်းချင်းလည်း အတွေးအမြင်တွေ ဖလှယ်လို့ ရသေးတယ်။ Suggestion လုပ်လို့လည်း ရသေးတယ်။ တစ်ခုပဲ Feeds Reader ထဲကနေ ဖတ်မယ်ဆိုရင် အပြင်မှာလိုတော့ ကွန်မန့်တွေကိုပါ ဖတ်လို့ မရဘူးပေါ့။ ကျွန်တှောကတော့ ကွန်မန့်တွေကိုပါ ဖတ်ရတာ နှစ်သက်သူ ဆိုတော့ ကိုယ်ကြိုက်တဲ့ ပိုစ့်လေးတွေတွေ့ရင် အခြားလူတွေ ဘယ်လိုယူဆသလဲ သိရအောင် မူရင်း ပိုစ့်ကို သွားဖတ်ပါတယ်။ ပြီးတော့ ကိုယ်တစ်ခုခု ရေးချင်တာရှိရင်လည်း သွားလိုက်ပါတယ်။ ကျန်တဲ့အချိန်တော့ မူရင်း ဆိုဒ်တွေ ဘလော့တွေကို မရောက်ဖြစ်တော့ဘူး။
ရေးတဲ့သူ အပိုင်းမှာတော့ စဉ်းစားစရာတွေ ရှိပါတယ်။ Feed ကို ပေးဖတ်မယ် မပေးဖတ်ဘူး ရွေးချယ်လို့ ရတယ်။ ပေးဖတ်မယ် ဆိုရင်တောင်မှ Brief အနည်းအကျဉ်းပဲ ပေးဖတ်မှာလား Full Feed ပေးမှာလား ဆိုတာ ရွေးချယ်လို့ ရပါတယ်။ ကျွန်တှော့ဘလော့ကို လက်ရှိ Feed Reader နဲ့ ဖတ်နေတာ ၁၅၀၀ ကျှော ရှိနေတယ်။ အဲဒီရဲ့ အကျိုးဆက်က ကိုယ့်ဘလော့ကိုလာတဲ့ Visitor မှာ ကျသွားတာတော့ အမှန်ပါပဲ။ Full Feed ပေးဖတ်ထားတဲ့ အတွက်လည်း Reader ထဲက လူတွေက တှောရုံဆို မူရင်းဘလော့ကို မလာကြတော့တာ အမှန်ပဲ။ ဒီနေရာမှာ ကျွန်တှောတို့ အနေနဲ့ လေးငါးကြောင်း လောက်ကိုပဲ Feed Reader ထဲမှာ ဖတ်ခွင့်ပြုပြီး အားလုံး ဖတ်ချင်ရင် မူရင်းဆိုဒ်ကို လာဖတ် ဆိုတာမျိုး လုပ်လို့လည်း ရပါတယ်။ Ads တွေနဲ့ အလုပ်လုပ်နေတဲ့ သူတွေ အနေနဲ့ဆိုရင် ဒီနည်းစနစ်က ပိုပြီး အဆင်ပြေပါလိမ့်မယ်။ Reader ဖတ်တဲ့သူတွေ အနေနဲ့လည်း ဘာအသစ်တက်လည်း ဆိုတာ သိနိုင်သလို မူရင်းဆိုဒ် အနေနဲ့လည်း Visitor Count ကျသွားနှုန်း နည်းသွားပါမယ်။ ဒါပေမယ့် ကျွန်တှောတို့ဆီမှာ ဘန်းထားတာတွေ များတဲ့အတွက် သာမန် End User တွေအနေနဲ့ ကျှောလွှားပြီး ဖတ်ဖို့ဆိုတာက သူတို့အတွက် ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ဒါကတော့ ကိုယ်ဘယ် Trend ကို သွားသလဲ ဆိုတာနဲ့ တိုက်ရိုက် သက်ဆိုင်ပါလိမ့်မယ်။
ကျွန်တှော့ကတော့ Information & Knowledge Sharing ကို အဓိက ထားတဲ့အတွက် Full Feed ပေးထားလိုက်တယ်။ အဲဒီအတွက် ဖတ်တဲ့သူတွေ အနေနဲ့လည်း ဘလော့ကို ခက်ခက်ခဲခဲ လာနေစရာ မလိုဘဲ Reader ထဲကနေပဲ ဖတ်လို့ရသွားမယ်။ သိမ်းထားချင်လည်း သိမ်းထားလို့ ရနိုင်တယ်။ သူများဆီ ပို့ချင်လည်း လွယ်လွယ်ကူကူ ပို့လို့ ရသွားမယ်။ အဲဒီအတွက် ဘလော့ရဲ့ Visitor နဲ့ Comment ကျသွားပေမယ့် Feed ဖတ်တဲ့သူဦးရေ တိုးလာတာမို့ အဆင်ပြေပါတယ်။ အဓိကက ကျွန်တှောတို့ ဘာကို ဦးတည်ချက် ထားသလဲ ဆိုတာပဲ ဖြစ်မယ်လို့ ထင်မိပါတယ်။



No response to “Pros and Cons of Feeds”
Post a Comment
Trackbacks
Leave a trackback