သောကြာနေ့မှာ ကမေဿဘာဒီးယားနိုင်ငံ ဖနွမ်းပင်ကို ခဏသွားပါမယ်။ အဲဒီမှာ Barcamp Phonen Penh ကျင်းပနေတယ်။ ကျွန်တှောကတော့ MCPA ရဲ့ လေ့လာသူအနေနဲ့ သွားမှာပါ။ ဒီလို Barcamp မျိုးလေးကို ကျွန်တှောတို့ မြန်မာပြည်ထဲမှာလည်း အခါအားလျှောစွာ ကျင်းပနိုင်ဖို့ နိုင်ငံခြားက Organizer တွေက မြန်မာပြည် ရောက်ရှိစဉ်မှာ MCPA EC များနဲ့ လာရောက် ဆွေးနွေးခဲ့ပါတယ်။ လိုအပ်တဲ့ အကြံဉာဏ်တွေ အကူအညီတွေ ပညာရှင်တွေ ပံ့ပိုးပေးနိုင်ဖို့၊ ဖိတ်ကြားပေးနိုင်ဖို့ တတ်နိုင်သလောက် ကူညီမယ်လို့ ကမ်းလှမ်းပါတယ်။ MCPA အနေနဲ့ ကျင်းပဖြစ်မလား MCF အနေနဲ့ ကျင်းပဖြစ်မလားဆိုတာ မသေချာသေးပါဘူး။
အာရှနိုင်ငံ အတှောများများမှာ Barcamp လေးတွေ ကျင်းပနေတာ မြန်မာနိုင်ငံတစ်ခုပဲ ကျန်တော့တယ် ထင်ပါတယ်။ နိုင်ငံခြားက ပွဲတွေမှာ လူပေါင်းများစွာ ပါဝင်ပြီး အောင်အောင်မြင်မြင် ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တာကို လေ့လာ တွေ့ရှိရပါတယ်။ ဒာကြောင့် ကျွန်တှောတို့ မြန်မာပြည်မှာ လုပ်တဲ့အခါမှာလည်း စံချိန်မီ ကျင်းပနိုင်အောင် ရည်ရွယ်ထားပါတယ်။ Barcamp မှာ Expert, Non Expert ဆိုတာ မရှိပါဘူး။ လူအားလုံးဟာ ကိုယ်သိထားတဲ့ IT Technology နဲ့ ပတ်သက်တာတွေကို ဝေမျှကြတဲ့ ပွဲလေးတွေပါပဲ။ ကမေဿဘာဒီးယားမှာ ကျင်းပတာ ဆိုပေမယ့် နိုင်ငံတကာက ပညာရှင်တွေ Barcamper တွေ စိတ်ပါဝင်စားသူတွေ အားလုံး လာရောက်ကြတာမျိုးပါ။ ဒါကြောင့် မြန်မာပြည်မှာ ကျင်းပဖြစ်ရင်လည်း ဒီလို နိုင်ငံအနှံ့က လူတွေပါ ပါနိုင်အောင် ကြိုးစားကြမယ်လို့ အားခဲထားပါတယ်။
ကမေဿဘာဒီးယားကို သွားမယ်ဆိုလို့ အဲဒီမှာ လေ့လာသင့်တာတွေကို အကြံပေးကြတဲ့၊ စာအုပ်တွေ လှမ်းပို့ပေးကြတဲ့၊ လာကြိုပေးမယ်ဆိုတဲ့ မိတ်ဆွေများကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ကမေဿဘာဒီးယားနဲ့ ဗီယက်နမ်ကို ကျွန်တှော အရမ်းပဲ သဘောကျမိတယ်။ သွားချင်နေတာ ကြာပြီဖြစ်ပေမယ့် အခွင့်အလမ်း မသာဘူး ဖြစ်နေခဲ့တာ အခုလို သွားရောက် လေ့လာခွင့် ရတာကို အရမ်းပဲ ဝမ်းသာမိပါတယ်။ ဖနွမ်းပင်က အပြန်မှာ ဘန်ကောက်ကို ဝင်ဖို့ရှိပါတယ်။ ဘန်ကောက်က သူငယ်ချင်း၊ မိတ်ဆွေတွေကို တွေ့ခွင့်ရမယ်ဆိုလည်း အထူးပဲ ဝမ်းသာမိမှာပါ။ အထူးသဖြင့် ဘန်ကောက်မှာ မြန်မာဘလှောဂါတွေ တှောတှောများများ ရှိကြပါတယ်။ ဒီတစ်ခေါက်မှာ ဆုံနိုင်ဖို့ ကြိုးစားကြည့်ပါမယ်။ ပြန်ရောက်တော့မှပဲ အတွေ့အကြုံတွေကို ပြန်ရေးပါတော့မယ်။ လောလောဆယ်တော့ ထိုင်းဗီဇာ၊ ကေမဿဘာဒီးယားဗီဇာ ကိစဿစေတြနဲ့ ရှုပ်နေပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ ပို့ပေးတဲ့ အင်ဖှောမေးရှင်းတွေ ဖတ်ကြည့်နေတာနဲ့တင် သွားရမှာကို တှောတှောလေး စိတ်လှုပ်ရှား နေမိပါတယ်။ ဟိုးတုန်းက ဂျွမ်းလူမျိုးများ ဖြစ်ခဲ့သလား မသိဘူး :D

No response to “Visiting Barcamp Phonen Penh”
Post a Comment
Trackbacks
Leave a trackback