စိတ်တိုင်းမကျတဲ့ညနေ
မင်းရင်ထဲမှာ ပန်းတွေ မပွင့်တော့ဘူးဆိုရင်
ဒါဟာ စိတ်တိုင်းမကျတဲ့ ညနေ
ဖမ်းဆုပ်မရတဲ့ ရနံ့များကြားမှာ
အသိတရားတွေ ညွှတ်ကျသွားစေတဲ့
လေပြည်လေးတစ်ခုထဲနဲ့တင်
ငါတို့ စိတ်တွေလည်း ယစ်မူးတွေဝေ
လိပ်ပြာလေးတွေ သင်တို့ ဘယ်ရောက်နေလဲ
အရမ်းလင်းနေတာတောင် သူ့အသက်ရှူသံတွေက မှောင်နေတယ်
ငါ့အနားမှာ ငါ့နားတွေလည်း မရှိ
အော်သံကြားရင်တောင် ခေါ်နေမှန်း မသိတဲ့သူ
နေမပူလည်း ပတ်ဝန်းကျင်ဟာ ဝါနေတာပဲတဲ့
စိုထိုင်းဆများတဲ့ မျက်ဝန်းတွေမှာ
အတိတ်ဆိုတဲ့အရာဟာ သဘာဝပေါက်ပင်
နာနာကျင်ကျင် သီဆိုခဲ့ဖူးသော ဂီတ
သူမဖြေခဲ့သော စာမေးပွဲဟာ ကျတယ်
မာယာလက်နဲ့
နတ်ဆိုးများ ပျော်မြူးသော နံနက်
ပျော်ရွှင်မှုတွေကို သိုဝှက်သွားခဲ့လေသူ
ပြန်မလာတော့ဘူးလား
ပြန်မလာတော့ဘူးလား
ငှက်ကလေးတွေ တေးဆိုတဲ့အခါများ
သူ ဒီလို ကြားကြားနေတတ်သတဲ့
စိတ်တိုင်းမကျတဲ့ညနေ
သာမန်ထက် ညတာတွေ ရှည်တတ်လွန်းပါတယ်
တောက်စားတတ်တဲ့ ဖဲပွင့်တွေနဲ့ ကမ်းခြေမြို့သူကတော့
တိမ်ထူတဲ့ နေ့တွေမှာ
သူ့ကမ်းခြေကို လွမ်းနေမှာတော့ အမှန်ပဲ။
လင်းဆက်
မနှော မွေးနေ့တုန်းက ကိုတာရာနဲ့ မနှောအတွက် အမှတ်တရ ရေးဖြစ်တဲ့ ကဗျာ။



8 Responses to “စိတ်တိုင်းမကျတဲ့ညနေ”
ခါတိုင်းလင်းဆက်နဲ့လည်းမတူဘူး
ပျော့တယ်.....
အရင်ကမာတောင့်တောင့်လား
ကိုလင်းဆက် ခေါင်းစဉ်က မေသူ့ ကိုဆွဲဆောင်သွားတယ်... မေသူက ပြည့်စုံခဲ့တဲ့ ညနေ လို့ ကဗျာတပုဒ်ရေးထားခဲ့တာ =)
အင်းတခါတလေ.... ငါ့အနားမှာ ငါ့နားတွေ မရှိတာလဲ တမျိုးတော့ ကောင်းတယ်... သက်သာတာပေါ့...
=)
ဟယ်... ကိုလင်းဆက် က မမေသူကို ဆွဲဆောင့်သွားတယ်တဲ့လား ။ ခစ်ခစ်
ငါလိုးမသား...မအေလိုး....
သူမဖြေခဲ့သော စာမေးပွဲဟာ ကျတယ်
AMMK
ကဗျားလေးကမိုက်တယ် ဟန်တစ်မျိုးလေးပဲနော် ဆဲထားတာဘယ်သူလဲမသိဘူးဗျာ
Post a Comment
Trackbacks
Leave a trackback