ကျွန်တော် ငယ်ငယ်က ပြက်လုံးတစ်လုံး ကြားဖူးတယ်။ လက်ဝဲသမားတွေကို ခတ်တဲ့ ပြက်လုံးပေါ့။ အရင်ကတော့ မကြိုက်ဘူး။ အခုပြန်စဉ်းစားကြည့်တော့ သိပ်မဆိုးဘူးပေါ့။ လူတစ်ယောက် လမ်းလျှောက်သွားတာ ကျောက်တုံးတစ်တုံး ဝင်တိုက်မိတယ်။ ဒီလိုတိုက်မိရတာ နယ်ချဲ့စနစ်ကြောင့်ဆိုပြီး ကျောက်တုံးကို ပိတ်ကန်လိုက်တယ် ဆိုတာပေါ့။ အမှန်တော့ ကိုယ့်ဟာကိုယ် နမော်နမဲ့သွားလို့ တိုက်မိတာ။ အဲဒီလိုပဲ။ ဒီမှာလည်း ပြဿနာက လူငယ်တွေ အများစုက ခေတ်ကိုကြောင့်၊ စနစ်ကြောင့်ဆိုပြီး လက်ညှိုးထိုးကြတယ်။ ဒါမမှန်ဘူးလားဆိုတော့ မှန်သင့်သလောက် မှန်တယ်။ ဒါပေမယ့် ဒါဟာ တိုးတက်မှုကို စေ့ဆော်တဲ့ စဉ်းစားပုံတော့ မဟုတ်ဘူး။ ဒါ Reactive ပဲ။ တရားခံရှာတာ။ အမှန် ဖြစ်သင့်တာက တာဝန်ယူစိတ်နဲ့ ချဉ်းကပ်သင့်တယ်။ ဒီလိုဖြစ်နေရင် ဘာလုပ်မလဲဆိုတဲ့ Proactive စိတ်နဲ့ ချဉ်းကပ်သင့်တာ။ ဘာကြောင့်လဲဆိုတော့ Reactive ဆိုတာ ကိုယ့်ကိုယ်ကိုယ် သားကောင်လို့ သတ်မှတ်တာ။ Victim ပေါ့။ ခေတ်ရဲ့ သားကောင်လို့ သတ်မှတ်တာ။ ဒါ ညံ့ရာကျတယ်။ တကယ်တမ်းကျတော့ သမိုင်းကို ဖန်တီးမယ့်သူတွေက သမိုင်းရဲ့ သားကောင်ဖြစ်သွားတယ်။ သမိုင်းရဲ့သားကောင် မဖြစ်သင့်ဘူး။ ဒီတော့ တစ်ဦးချင်း အနေနဲ့လည်း ခေတ်ကို အပြစ်တင်နေရုံနဲ့ မပြီးဘူး။ ပိုပြီး တာဝန်ရှိတာတော့ အဖွဲ့အစည်းတွေပေါ့။
Source: ကျော်ဆန်းမင်း၊ ဆရာကျော်ဝင်းနှင့်တွေ့ဆုံခြင်းဆောင်းပါး၊ The Voice Journal's Vol.5/ No.29
Source: ကျော်ဆန်းမင်း၊ ဆရာကျော်ဝင်းနှင့်တွေ့ဆုံခြင်းဆောင်းပါး၊ The Voice Journal's Vol.5/ No.29



6 Responses to “Reactive or Proactive by Kyaw Win”
မှတ်သား ရပါတယ်...း)
ထောက်ခံပါတယ် ကိုညီလင်းဆက်ရေ
ယူပါတယ် ကိုယ့်ဟာကိုယ်
AMMK
... taks for sharing ko nls. worth highlighting this excerpt.
mtygn
Nice post thanks
link လေးယူသုံးလိုက်ပါတယ် ဆရာညီလင်းဆက်။
Post a Comment
Trackbacks
Leave a trackback