စိတ်မကောင်းပာဘူး။ ကျွန်တှော့ရဲ့ ဘလော့ကို Bagan ISP က ဘန်းလိုက်ပြီ။ ဟိုးအရင် Blogspot တွေ Wordpress တွေ ဘန်းထဲက ဖတ်တဲ့သူတွေ အခက်အခဲ မဖြစ်ရအောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုန်ခံပြီး ကိုယ်ပိုင် ဒိုမိန်းလေး ဝယ်ပြီး Redirect လုပ်ထားခဲ့တယ်။ အခုကတော့ ဘယ်လိုမှ လုပ်လို့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂၀၀၅ကတည်းက စွဲစွဲမြဲမြဲ ရေးလာခဲ့တာ နောင်လည်း ဆက်ရေးနေဦးမှာပာပဲ။ ဘလော့တွေကို ဘယ်လိုဘန်းဘန်း တင်ချင်ရင် ဘယ်အီးမေးလ်ကနေမဆို တင်လို့ရတဲ့ Mail to Blogger စနစ် ရှိတာမို့ ဆက်ရေးနေဖြစ်မှာပာပဲ။ ကျွန်တှော ရေးခဲ့သမျှ ပိုစ့်တိုင်းဟာ ကိုယ့်တိုင် ခွန်အား၊ ဉာဏ်အား စိုက်ထုတ်ပြီး ကိုယ်ကြုံခဲ့ရသမျှ ရေးခဲ့တာမို့ ဘလော့ဂာ ဘဝကို တန်ဖိုးထားပာတယ်။
ဒီကို လာဖတ်တဲ့ မြန်မာပြည်ထဲက သူတွေ ဘန်းထားလို့ ဖတ်မရဘူးဆိုရင် Google Reader ကိုအသုံးပြုပြီး အဲဒီမှာ ကျွန်တော့ဘလော့ လိပ်စာကို ရိုက်ထည့်ပြီး Feed အနေနဲ့ ဖတ်လို့ ရပာတယ်။ အပှောညာဘက် ထောင့်မှာလည်း ရေးထားပာတယ်။ စာလာဖတ်တဲ့အခာ အနှောက်အယှက် ဖြစ်သွားရတဲ့အတွက် ပိတ်တဲ့သူတွေကိုယ်စား ကျွန်တှောကပဲ တောင်းပန်လိုက်ပာတယ်။ ကျေးဇူးတင်ပာ၏။
ဒီကို လာဖတ်တဲ့ မြန်မာပြည်ထဲက သူတွေ ဘန်းထားလို့ ဖတ်မရဘူးဆိုရင် Google Reader ကိုအသုံးပြုပြီး အဲဒီမှာ ကျွန်တော့ဘလော့ လိပ်စာကို ရိုက်ထည့်ပြီး Feed အနေနဲ့ ဖတ်လို့ ရပာတယ်။ အပှောညာဘက် ထောင့်မှာလည်း ရေးထားပာတယ်။ စာလာဖတ်တဲ့အခာ အနှောက်အယှက် ဖြစ်သွားရတဲ့အတွက် ပိတ်တဲ့သူတွေကိုယ်စား ကျွန်တှောကပဲ တောင်းပန်လိုက်ပာတယ်။ ကျေးဇူးတင်ပာ၏။



23 Responses to “My blog is banned”
ဒီမှာတော့ ဆက်ရနေဆဲမို့ နှစ်ရက်တစ်ကြိမ်လောက် ရိုက်မိနေတဲ့.. Blog.NyiLynnSeck .. . ဆီ ဆက်လာနေဦးမှာပါ။ ယူစရာတွေ ရှိသလို တွေးစရာတွေလည်း ရှိနေလို့.. ဆက်လာမယ်ဗျာ။
ဟူးးးးးးးးး ဆိုးးးးးပါ့ အကိုရေ အမြဲလာနေဦးမှာပဲ စိတ်တာချ မြန်မာပြည်တွင်းထဲက လူတွေကို ကိုယ်ချင်းစာပါတယ် ဒါပေမဲ့ သူတို့ဘန်းလေ အကိုတို့ကို ပိုပြီးလေးစားလေပါပဲ အလုပ်မရှိ အားနေ ထိုင်ဘန်းနေကြလား မသိဘူးးးးးးးးးး(
လေးစားလျက်
တောင်ပေါ်သား
Reader ပါဘန်းပလိုက်မှ ရွာပတ်နေပါဦးမယ် ဆရာ။
အင်း ပြောမလို့ပဲ။ reader ပါ မြင်သွားဦးမယ်။
ဘယ်လိုပဲ ပိတ်ပိတ်၊ ထွက်ပေါက်တော့ ရှိမှာပဲလေ။ ငွေကုန်ခံပြီး လုပ်ခဲ့တဲ့အရာတွေအတွက်တော့ ... ။ ဘယ်လိုပိတ်ပိတ် ဖတ်ချင်တဲ့သူတော့ ရောက်အောင်လာမှာပဲ လို့တွေးမိပါတယ်။ ရီဒါလိုနေရာကနေ ဖတ်လို့ရသေးလို့ မဆိုးသေးပါဘူးလေ။ Better than nothing ပေါ့။
lynn.uk
မြစ်ယံကားဆီး........တံတိုင်းကြီးပဲ ခြားနေပါစေ...
ညီရှိတဲ့အရပ်ဆီ.....ကျော်ခွလို့...ဟီးးးး
အရောက်လာပါမယ်ဗျာ..။
ဘယ်တော့များမှလွတ်မြောက်မယ်မသိ...
အစ်ကိုရေ
သူတို့က Blogger ကို B2 bomber ထက်ပိုကြောက် နေတာဗျ။
ရေးတိုင်းထိတာကိုး
အမြဲလာ ဖတ်ပါမယ် ဗျာ
ကြိုး စားမှုကို လေးစားလျှက်
အားပေးတဲ့သူတွေရှိနေတယ်...။
ဘလော့တော့ဘန်းပြီ။ ရေးတဲ့သူပဲ ဘန်းဖို့ကျန်တော့တယ်ဟေ့ရောင်ရေ။ :D
ဟုတ်လား
စိတ်မကောင်းစရာပါပဲ
ဆရာကြီးက ဖြစ်နေတာဆိုတော့ တစ်ခုခု ဖြစ်နေတာ ထင်တယ် လို့ ပြောရဲဘူးလေ။
အဲဒီမှာလုပ်နေတဲ့ကောင်တွေက ခင်ဗျားရဲ့အောင်မြင်မှုကို မနာလိုလို့ ဘန်းတာ။ စောက်သုံးမကျတဲ့ကောင်တွေ။ ဘေးလွယ်အိတ်လိုကောင်တွေ ရှိနေသရွေ့ ကျူပ်တို့နိုင်ငံ ကျွန်ဘ၀ကတက်နိုင်မှာမဟုတ်ဘူး။
အေးဗျာ ကျွန်တော့် ဆိုဒ် http://www.engineer4myanmar.com ကိုလဲ ပုဂံက ဘန်းထားတယ်ကြားတယ်။ ကျွန်တော်တို့က အပင်ပန်း ခံ အနစ်နာခံပြီး လုပ်ထားတာလေးတွေကို သူများတွေက တစ်ချက်တည်းနဲ့ ဖျက်ဆီးတာ ခံလိုက်ရတာ ရင်နာမိတယ်ဗျာ။ ကျွန်တော်ဆို နည်းပညာ သန့်သန့် နဲ့ ပညာရေးဘက်ပဲ ရေးနေတာ။ ဘယ်သူ့ကိုမှလဲ ဝေဖန်တာ မဟုတ်ဘူး။ ဒါပေမယ့် လုပ်လို့ရသလောက် ဆက်လုပ်ရအောင် ကိုညီလင်းဆက်ရေ။
အေးဟာ။ အမလည်း သတင်းကြားကြားခြင်း လာပြောတဲ့သူကို မဖြစ်နိုင်ဘူးလို့တောင် ဇွတ်ငြင်းနေသေးတယ်။ အဓိပ္ပာယ်မရှိတာ။ ဆက်သာ ချဟာ။ စိတ်တိုလိုက်တာ လွန်းပါရော။
အမ်.. ဘာကိစ္စဘန်းရတာတုန်းးးး ဒုတ်ခ.... အလကားနေရင်း အလကားးး သူ့ထက်သာမနာလို..
ဘန်းချင်စရာ ရုပ်ဖြစ်နေလို့ :D
AMMK
ဘန်းချင်ဘန်းပါစေဗျာ..
ရေးလို့ ရအောင်ဆက်ရေးဗျာ
blogger အစ်ကိုအစ်မတွေကိုလေးစားတယ်ဗျာ
ကျွန်တော်တို့ itmen.myanmarbloggers.org လည်း ဘန်းခံလိုက်ရပါတယ်။ ကျွန်တော်ကတော့ သည်းမခံနိုင်လို့ Post တစ်ခု ရေးပြီး တင်လိုက်ပြီဗျာ။
google reader ကိုတော့ ဘန်းလို့ မရပါဘူး။ reader.google.com နဲ့ www.google.com ဟာ ip တစ်ခုတည်း သုံးထားတာမို့ reader ကို ဘန်းတာဟာ google ကို ဘန်းတာနဲ့ အတူတူပါပဲ။
ညီလေးရဲ့ ကြိုးစားအားထုတ်မှုကိုအစဉ်လေးစားလျှက် အမြဲအားပေးနေတယ်..
အင်း...ဒီနေ့ဝင်လာလို့ရတယ်..
ရင်ဖွင့်စရာလေးရှိနေကြတာ...
ပြောပြချင်တာလေးတွေပြောနေနိုင်ကြတာ..
ပညာလေးတွေဝေနေနိုင်သလောက်ဝေနေနိုင်တာမို့..
ဆက်ကြိုးစားပေးကြပါ...
အဆင်ပြေအောင်..
you the man,I'm very proud of you.you do good job whatever they ban.
I'm afraid my blog (in Spanish) about Burma's struggle for democracy is banned too. But I keep writting:
http://birmania-libre.blogspot.com/
Birmania Libre / Free Burma
Post a Comment
Trackbacks
Leave a trackback