ဒီနေ့ အတှောဖျားနေတယ်။ အဓိကကတော့ ခရီးပန်းလို့ ဖြစ်မယ်ထင်တယ်။ မန်းလေးမှာ ဆြာဂျေ၊ ဆြာလှတို့နဲ့ တစ်လီတာ ဆွဲမိတဲ့ အပြစ်ရယ် (အမှန်က မဆွဲခင်ကတည်းက သိပ်နေမကောင်းဘူးရယ်) ဟှောတယ်မှာ ဘတ်တပ်ထဲ အတှောကြာ စိမ်မိတဲ့ အဖြစ်ရယ်။ အပြင်က ချွေးတလုံးလုံးနဲ့ ပြန်လာပြီး အခန်းမှာ အဲကွန်းမိပြီး ချွေးတိတ်သွားတာရယ်။ ကားပှောက အဲကွန်းဒဏ်ကြောင့်ရယ် ဒာတွေလည်း ပာမယ် ထင်ပာရဲ့။ တနေ့ကုန် ဆေးသောက်ပြီး အိပ်နေရတယ်။ ညနေ အတှောလေး ကောင်းလာတော့ မနေ့က ကိစဿစက ခောင်းထဲ ဝင်လာတယ်။
နေပြည်တှော-ရန်ကုန် အဝေးပြေးလမ်းသစ်ကြီးမှာ ၂၈ ရက်နေ့ည ရှစ်နာရီလောက်က ကြွက်တွေ အုပ်လိုက်ကြီး အုပ်လိုက်ကြီး နေရာရွှေ့နေကြတာ။ လမ်းပှောမှာ နေရာလွတ်တောင် မရှိဘူး။ လမ်းဘေးမှာလည်း အပြည့်ပဲ။ လုံးထွေးနေကြတယ်။ ကားတွေဆိုတာ ရပ်တောင် မရပ်ရဲကြဘူး။ ကြွက်တွေကလည်း ကားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင် မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက ကြောက်ဖို့တောင် ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက်သွေးတွေနဲ့ ရဲရဲတောက်လို့။ ကြွက်သေတွေကို ကြွက်ရှင်တွေက စားသောက်နေလိုက်ကြတာ မြင်မကောင်းဘူး။ တကယ့်ကို တစ်မိုင်လောက် လမ်းမကြီးတလျောက် ကြွက်တွေနဲ့ အပြည့်။ ရုပ်ရှင်ကားထဲမှာပဲ အဲဒီလို မြင်ဖူးခဲ့တာ။ ကိုယ့်မှာ မှတ်တမ်းတင်စရာ ပစဿစည်းတွေက အဆင်သင့် မရှိလို့ အဲဒီ အခွင့်အရေးကို လက်လွှတ်လိုက်ရတယ်။ ဒီအဖြစ်အပျက်ကို မိတ်ဆွေ တစ်ဦးကလည်း ကိုယ်တွေ့ကြုံခဲ့ရကြောင်း ထပ်ထောက်ခံတယ်။ ဒာနဲ့ ဖျားတာကလည်း သက်သာလာလို့ ဒီနေ့ ထပ်ကြုံရမလား ဆိုပြီး မှတ်တမ်းတင်ဖို့ စိတ်ကူးရမိတယ်။ ကြည့်လိုက်တော့ ခုနစ်နာရီ ခွဲနေပြီ။ ကားကလည်း အဆင်သင့် မရှိဘူး။ အဲဒီမိတ်ဆွေကပဲ သူ့ကား ယူသွားလို့ရတယ် ဆိုပြီး ကူညီတယ်။ အရေးဆိုရင် ကင်မရာက အဆင်မပြေ။ မီးတွေက မပြည့်စုံ။ ကမ်ကှောဒာလေး တစ်ခုလောက် ရှိခဲ့ရင် အတှောကောင်းမှာလို့ မကျေမနပ် ဖြစ်မိတယ်။ အမြဲမလိုအပ်ပေမယ့် လိုအပ်တဲ့ အချိန်မှာ အဆင်သင့်ရှိဖို့ အရေးအကြီးဆုံးပဲ။
မနေ့က ကြုံရတာက မိုင်တိုင် ၄၆-၄၅ မှာ။ မြို့ထဲကနေဆိုရင် တစ်နာရီခွဲလောက် သွားရမယ်။ ဒာနဲ့ သူငယ်ချင်း တစ်ချို့ကို အဖှောစပ်တော့ မှင်စာရယ် စုံကြီးရယ် ဥကဿကာရယ် သူတို့လည်း စိတ်ဝင်စားပြီး လိုက်လာကြတယ်။ ပြောရရင် ဒီကောင်တွေ အရက်သောက် နေတာကို အတင်းသွား ခှောလာတာ။ တစ်ယောက်တည်း သွားဖို့ရာကလည်း ဒီလမ်းခရီးကြီးမှာ မဖြစ်ဘူး။ သွားသာသွားရတယ် အချိန်က နောက်ကကျနေပြီ။ မနေ့ကလိုမျိုး ဒီနေ့ ထပ်တွေ့ရမယ်လို့လည်း ဘယ်သူကမှ အာမမခံဘူး။ ဒာပေမယ့် သွားချင်နေတဲ့ စိတ်က လှုံ့ဆှောတာမို့ အနွေးထည်ဝတ် ဆေးသောက်ပြီး ချီတက်သွားလိုက်တယ်။ အားလုံး လေးယောက်။
အဲဒီကိုရောက်တော့ ညဆယ်နာရီခွဲပြီ။ မနေ့ကလို ကြွက်အုပ်ကြီး မတွေ့ရတော့ဘူး။ ဒာပေမယ့် လက်ကျန်ကြွက်တွေ ဖြတ်ကူးနေကြတုန်းပဲ။ မနေ့က တပြုံကြီး တွေ့ခဲ့ရတဲ့ နေရာမှာ သိပ်မရှိတော့ဘဲ ရန်ကုန်နဲ့ ပိုနီးတဲ့ မိုင်တိုင်အမှတ် ၄၂-၄၃ နေရာမှာ အများအပြား တွေ့ရတယ်။ လမ်းပှောမှာ ကားပိလို့ ပြားနေတဲ့ အသေကောင်တွေကတော့ ဒင်းကြမ်းပဲ။ ဒာတောင် မိုးရွာသွားလို့။ အခုသေနေတဲ့ ကောင်တွေက လတ်ဆတ်သေးတာမို့ မနေ့က ကားကြိတ်မိတဲ့ဟာတွေ မဟုတ်ဘူး။ မနေ့ကဆို လမ်းမအပြည့်။ ဒီနေ့လည်း ကျွန်တှောတို့ ရောက်သွားတာ နောက်ကျတာမို့ အုပ်စုလိုက် ဖြတ်ကူးတာကို မမီလိုက်တာ ဖြစ်နိုင်တယ်။ လမ်းဘေးက ရေမြောင်းတလျောက် ကြွက်တွေ တန်းစီ သွားနေပုံကတော့ ကြက်သီးထစရာပဲ။ မှတ်တမ်းတင်မယ် ဆိုတော့မှ ဒီနေ့ကြွက်တွေက ကားမီးထိုးတာနဲ့ လစ်ပြေးကြတယ်။ ဘေးက မြေသားတွေကလည်း ရေနစ်ပြီး အိနေတာမို့ လမ်းဘေးဆင်းရိုက် ရတာကလည်း မလွယ်ကူဘူး။ ဒာနဲ့ ရိုက်လို့ ရသမျှကိုသာ ရိုက်ယူလိုက်ရတယ်။












ဒီလို မြေတွင်းအောင်းတဲ့ သတဿတဝာတွေ အခုလို အကြီးအကျယ် နေရာရွှေ့ကြတာ ကောင်းတဲ့ လကဿခဏာ မဟုတ်ဘူးလို့ ဆိုကြတယ်။ တချို့က သဘာဝဘေးအနဿတရာယ် တစ်ခုခု ကျလာနိုင်လို့ သူတို့ရွှေ့ကြတာလို့ ဆိုတယ်။ တရုတ်ပြည်မှာ ငလျင်အကြီးအကျယ် မလှုပ်ခင်က ဖားတွေ အုပ်စုလိုက် နေရာ ရွှေ့ပြောင်းကြတယ်လို့ ဆိုတယ်။ အခုနေရာကတော့ ပဲခူးရိုးမတွင်းမှာဆိုတော့ ငလျင်ကြောတော့ ငလျင်ကြောပဲ။ ပြီးတော့ ဒီဒေသက မိုးကြီးရင် ရေမြုပ်တတ်တဲ့ ဒေသမို့ ရေဘေး အနဿတရာယ်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒာကတော့ ခန့်မှန်းချက်တွေမျှသာပာ။ ဒာပေမယ့် တှောရုံနဲ့တော့ ဘယ်တိရစဿဆာန်မှ အခုလို အုပ်စုလိုက် အကြီးအကျယ် မရွှေ့ပြောင်းတတ်ကြဘူးလို့ ထင်မိတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။ ကြွက်တွေက မြေကြွက်ဝမ်းဖြူတွေ အများဆုံး တွေ့ရတယ်။ ကြွက်သေတွေကို ကြွက်ရှင်တွေက အချင်းချင်း စားသောက်ရင်း ရောဂာဘယတွေ ဖြစ်လာနိုင်လားလို့လည်း တွေးမိတယ်။ (နေပြည်တှောမှာ ပလိတ်ရောဂာပိုး တွေ့တယ်လို့ သတင်းကြားရတယ်) ဒီတစ်ပာတ်တော့ ဘာတွေထူးခြားမလဲ စောင့်ကြည့်ရမယ် ထင်ပာရဲ့။ အပြန်ကျတော့ လေစိမ်းတွေမိပြီး ပြန်ဖျားနေတယ်။ ကိုယ်တွေလက်တွေ ကိုက်ခဲနေတယ်။ အိမ်ပြန်ရောက်တော့ ညတစ်နာရီ။ မျက်စိတွေပူစပ်ပြီး နှာရည်တွေကျ၊ ပူသလိုလို အေးသလိုလိုတွေ ဖြစ်နေတယ်။
ဒီနေ့ကြွက်တွေက အတှောလေး နည်းပားသွားပေမယ့် သက်သေခံ ကြွက်သေတချို့ကို မှတ်တမ်းတင် လိုက်နိုင်လို့ အတှောဝမ်းသာပာတယ်။ မနေ့ကအထိ တွေ့နေရတဲ့ ကြောက်စရာ ကြွက်အုပ်ကြီးကို မရိုက်လိုက် နိုင်တာကိုတော့ မကျေမချမ်း ဖြစ်နေမိတယ်။ ၂၆ရက်နေ့က ခရီးသွားခဲ့သူ သူငယ်ချင်း တစ်ယောက်ကလည်း သူခရီးသွားတုန်း အဲဒီလို ကြွက်အုပ်ကြီး ဖြတ်ကူးနေတာကို တွေ့ခဲ့ရကြောင်း လာပြောလို့ ၂၆ရက်နေ့ကတည်းက ဒီကိစဿစကြီး ဖြစ်နေပြီလို့ သုံးသပ်မိပာတယ်။ ဒီလိုဆိုရင်ဖြင့် မိုက်ဂရေးရှင်း လုပ်တဲ့ ကြွက်ကောင်ရေ မနည်းဘူး။ သိန်းချီသန်းချီမယ်လို့ ထင်မိတယ်။ မှင်စာကတော့ ဒီကြွက်တွေ ဖမ်းပြီး နိုင်ငံခြား ပို့လိုက်ရရင် ထောပြီဆိုပြီး တောက်တခောက်ခောက် ဖြစ်နေလေရဲ့။
စာကြွင်း။ လမ်းအသုံးပြုခ အသွားအပြန် ၆၈၀၀ ကျပ်။ ကားလောင်စာဆီ သုံးဂာလံစာ ၉၀၀၀ ကျပ်။ သူငယ်ချင်းများအတွက် ရိကဿခာထောက် ၅၀၀၀ ကျပ် ကုန်ကျခဲ့ပြီး သကာလ အိတ်ထဲတွင် မြန်မာငွေ ၁၀၀ ကျပ် တိတိ ကျန်လေသည်။ မနက် ကားစီးရန် မှင်စာမှ ၁၀၀၀ ကျပ်တိတိ ကျေးဇူးပြုသည်။ သာဓု သာဓု သာဓု။ ကိုယ်လုပ်ချင်တာ လုပ်လိုက်ရတာမို့ ပင်ပန်းသှောလည်း ကျေနပ်ပီတိ ဖြစ်နေသည်။ စတုတဿထမဏဿဍိုင္ မဟုတ္ပာ။
မှတ်ချက်။ ဒီကိစဿစနဲ့ ပတ်သက်ပြီး ကြုံရသမျှ ရေးပာတယ်။ မည်သည့် အင်တာဗျူးမှ ဖြေဆိုရန် ဆနဿဒမရှိ။ ထပ်ပြန်ပြောပြဖို့လည်း ဆနဿဒမရှိပာ။ ကျေးဇူးတင်ပာတယ်။



35 Responses to “နေပြည်တှော-ရန်ကုန် ကားလမ်းပှောက ကြွက်အုပ်ကြီး”
ဟုတ်တယ်။ ဒီလိုတွေ ဖြစ်ပြီးရင် သဘာဝ ဘေးအန္တရာယ် တစ်ခုခု ကျရောက်တတ်တယ်။ ဖြစ်စဉ် တစ်ခုခုပေါ့။ သတိထားစရာပါပဲ။
သတင်းသမားရဲ့ဒုက္ခပေါ့.
မြတ်ခိုင်မသိလိုက်တာ နာတာဘဲ
.
အင်း 7..11. မီဒီယာတွေ လဲတောက်တစ်ခေါက်ခေါက်နေမှာဘဲ.။
ဒါတောင် ကားငှားခ မပေးလိုက်ရလို့.
ကားပြင်ရမယ်ဆိုရင် အမလေး.
ကားလေးများတိုက်လာခဲ့လို့ကတော့ခုနစ်သိန်းဘဲ.
ပုရွက်ဆိတ်တွေ အစာတွေသယ် နေရာပြောင်းကြရင် မိုးရွာတော့မယ့် နိမိတ်လို့ ဆိုတယ်။ ကြွက်တွေ နေရာ ပြောင်းကြတာလဲ သဘာဝ အဖြစ်ပျက် တခုခု ၇ဲ့ ရှေ့ ပြေးလို့ ကျွန်တော်လဲထင်တယ်။ ကြွက်ဆိုပေမယ့် သွေး သား ခန္တာ ရှိတယ်. သဘာဝကို ခံစားနိုင်တဲ့ အာရုံရှိတယ်။ တခုခုတော့ ထူးခြားလိမ့်မယ်။ ဖြစ်ပြီးသွားလို့လား မဖြစ်သေးတဲ့ အန္တရယ် ကြောင့်လား တော့ မသိနိုင်သေးဘူး။ စွန့်စွန့်စားစား လုပ်နိုင်တာ အားပေးပါတယ်ဗျာ.. ဒီလိုမျိုး လုပ်နိုင်သူရှားတယ်။
အတော်အသည်းယားစရာကောင်းမယ်ဗျ။ ကြွက်တစ်ကောင်တောင် အူယားနေတာ.. အုပ်စုလိုက်ဆိုရင်တော့...။ အင်း.. ဘာဘေးရန် ကြီးကြီးကျယ်ကျယ်မှ မကျရောက်ဖို့ပဲ ဆုတောင်းရမယ်ဗျ။ တခုပြီးတခုဖြစ်နေတာနဲ့ ကုန်တော့မယ်.....။
ခင်မင်တဲ့
နေ၀သန်
တခုခုများဖြစ်မလားပဲ..
ကြွက်ဆိုတာ တွင်းအောင်းသတ္တ၀ါဆိုတော့....
မြေ..
နှစ်၅၀အတွင်း ငလျင်ကလဲ လာဦးတော့မှာဆိုတော့.. သတိတော့ထားပေါ့..။
ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေယုံကလွဲလို့ ဘာမှ..မတတ်နိုင်သေးတဲ့ဘ၀။
ဖတ်ရင်းနဲ့ကိုမျက်စိထဲပြေးမြင်မိတယ်.. ကြက်သီးထပီး ကြောက်စရာကြီးပဲ...နော်။
ကျေးဇူးတင်ပါတယ် ကိုညီလင်းဆက်
သတင်းကိုလဲကြိုက်ပါတယ်။
နောက်ဆုံးရေးသွားတဲ့ဟာလေးအကြိုက်ဆုံးပဲ။
ကိုယ်လုပ်ချင်တာလုပ်လိုက်ရတာမို့ ပင်ပန်းသောာ်လည်း ကျေနပ်ပီတိ ဖြစ်နေသည်။ စတုတ္ထမဏ္ဍိုင်မဟုက်ပါ။ ဆိုတာလေး။
အဲလိုရေးတာကို ပို့စ်တခုလုံးထက်ကြိုက်တယ်။ စိတ်တော့မရှိနဲ့ဗျာ။
နေပြည်တော်ရဲ့ ငယ်နာမည် ကြပ်ပြေးမှာ
ကြွက်ပြေး သတင်းကိုဓါတ်ပုံနှင့်တကွ
တင်ပေးတာ ဖတ်ပြီးသကာလ
အတွေးတခုဝင်လာတယ်။
မြေတွင်းအောင်းကြွက်သတ္တ၀ါတွေ ပြောင်းရွှေ့ပြီဆိုတော့
မြေတွင်းအောင်းမယ့် နျုးကလီးယား စစ်မိစ္ဆာ
သူရဲတစ္ဆေကြပ်သတ္တ၀ါတွေလည်း
သတိထားပြောင်းရမယ့်
အတိတ်နိမိတ်လို့မြင်မိတယ်။
သူတို့ကြပ်ပြေးမှာ မြေတွင်းအောင်းပြီး ဥမင်လှိုဏ်ခေါင်းထဲမှာ
နျုးကလီးယားထုတ်နေကြတာ ကမ္ဘာကသိသွားလို့
နိုင်ငံတကာက မြေအောက်လှိုဏ်ခေါင်းတွေကို တိုက်ခိုက်တော့မယ်ထင်တယ်။
ဒါ့ကြောင့် သဘာဝတရား
ရဲ့ မြေဓါတ်သဘောတွေပျက်စီးတော့မှာကို ဗီဇကသိနေတဲ့ မြေကြွက်တွေက ဘေးရန်ကလွတ်အောင် ရွှေ့ပြောင်းကြတာ ဖြစ်ဖို့များတယ်။(အခုပဲ ပြေးလွှားနေတဲ့ ကြွက်ပြေးချုပ်မှုးတယောက်ကို ဖုန်းဆက်ပြီးမေးကြည့်တာ အတည်ပြုဖြေကြားသွားတယ်။
ကြပ်ချုပ်မှုးကြီးလည်း ပြေးသင့်ပြီလို့ အကြံပေးသွားတယ်။:D)
ကိုယ့်ဟာကိုယ် အိတ်စိုက် အပင်ပန်းခံပြီး ဒီလိုထူးခြားတဲ့ သတင်းမျိုးတင်ပေးတာ ကျေးဇူးတင်ပါတယ်
သတင်းအတွက် ကျေးဇူးတင်ပါတယ်...ပထမ နေ့ ကမြင်ခဲ့ ရတယ်ဆိုတာကို ဓာတ်ပုံ နဲ့ မှတ်တမ်းမတင်နိုင်ပေမယ့် ခုလို ပြန်ပြောပြတာကို ဖတ်ရတာနဲ့တင် တော်တော်လေး ကို လန့် စရာကောင်းနေတယ်။ စာဖတ်ပြီး တစ်ခုခုအတွက် စိုးရိမ်ပေမယ့်..ဘာမှ မတတ်နိုင်လို့... ဘေးကင်းကြစေဖို့ မေတ္တာပဲ ပို့ပေးတတ်မှာပါပဲ။
ကိုညီလင်းဆက်ရဲ့ ဝါသနာ စေတနာ အနစ်နာခံတာကို လေးစားအားကျမိတယ်....စာကြွင်းလေးကို ဖတ်ရတော့ ပိုလေးစားအားကျမိပါတယ်။ ကိုယ်တိုင်ဆိုရင်လဲ ဒီလိုလုပ်နိုင်မယ်ကို မထင်ဘူး။ ဖတ်ရင်း ဓါတ်ပုံတွေကြည့်ရင်း နဲ့တောင် ကြက်သီးတဖြန်းဖြန်း ထမိတယ်။ သူတို့တွေ ဒီလိုပြေးရင်း ကားတက်ကြိတ်မိလို့ သေတဲ့ကောင်တွေလဲ နည်းမယ်မထင်ဘူး။ သနားပါတယ်နော်။
သတ္တဝါဆိုတာ တကယ်တမ်းကြတော့ ကိုယ့်ငြိမ်းချမ်းမှုနဲ့ အသက်ရှင်သန်မှုကို ကာကွယ်စောင့်ရှောက်ချင်တဲ့ သတ္တဝါတွေချည်းပါပဲ။ ဒါကို လက်နက်အားကိုးနဲ့ ကိုယ့်အာဏာမြဲဖို့အတွက်နဲ့ လူတွေရဲ့အသက်တွေကို သတ္တဝါတွေလောက်တောင် တန်ဖိုးမထားတဲ့ လူတွေကို သိစေချင်လိုက်တာ...
ကိုလင်းဆက်ရဲ့ ကြိုးစား အားထုတ်မှုကိုတော့ တကယ်လေးစားပါတယ်။
တွေးကြည့်ရင်တောင် ကြက်သီးထတယ်။
ကြွက်အုပ်ကြီး ရွှေ့ပြောင်းတာ..
ရန်ကုန်နဲ့ ပိုနီးတဲ့ မိုင်တိုင်နား...
ပလိပ်ရောဂါ...
ဟင်းးးးးးးးးးးးးးး
ဒုက္ခပဲ........
ကိုညီလင်းဆက်ရေ
ဘာမှ မြန်မာပြည်မှာမဖြစ်ပါစေနဲ့ လို့ ဆုတောင်းရမှာဘဲ၊၊ အနိဌာရုံတွေ မမြင်၊ မကြားချင်တော့ပါဘူး၊၊ လူတွေလည်း မောလှပါပြီ၊၊ အားလုံးကျန်းမာချမ်းသာပါစေလို့ ဆုတောင်းလိုက်ပါတယ်၊၊
ကိုညီလင်းဆက်ရဲ့ သတင်းအတွက် ကျေးဇူးပါဘဲ၊၊ နောင်လဲ သတင်းထူးလေးတွေ တင်ပြနိုင်ပါစေလို့ ၊၊
ငတုံး
သတင်းဌာနတခုကတော့ သူတို့ရသလို အသံလွှင့်သွားတာ ကြားလိုက်ရတယ် ဘယ်ဆိုဒ်မှာတွေ့ပါတယ်ဆိုတာလေးတောင် မပြောသွားဘူး အမျှ အမျှ အမျှ
သူတို့နေစရာ အင်ပါယာထဲမှာ ဒုံးကျည်ဖွက်ဖို့ နယူကလီးယာထုတ်ဖို့နဲ့ ပုန်းဖို့ခိုဖို့ လှိုဏ်ခေါင်းတွေလုပ်နေလို့ နေရာသစ်ရှာကြတာပါ။ ရန်ကုန်ကလူတွေ နေပြည်တော်ရွေ့ကြတော့ နေပြည်တော်ကကြွက်တွေ ရန်ကုန်အလည်လာကြတာဖြစ်မယ်
အေးဗျာ....
ဒီသတင်းကို မင်းသမီးသတင်းထက် ပိုပြီးစိတ်ဝင်စားတယ်။ :D :P
အုပ်စုလိုက်ပုံ ဓာတ်ပုံ(သို့)video မဆွဲလိုက်ရတာကို ကျွန်တော်ပါရောပြီး ရင်နာ နှမြောမိတယ်ဗျာ....
ရလိုက်ရင်တော့ သေချာပေါက် ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း ဝင်မှာဗျ။ နှမြောထှာ......
အမလေး...ကြွက်ကလေး နှစ်ကောင် သုံးကောင်ကို စာလာဖွဲ့ နေသေးတယ်။ ပြောတော့ဖြင့် တစ်မိုင်လောက်လမ်းမှာ ကြွက်တွေနဲ့ အပြည့်လေး ဘာလေးနဲ့ ။ အော်...ဆိုးပ..ဆိုးပ။ သတင်းမဟုတ်တာ သတင်းလုပ်လို့ ။
@Khin Zaw said on my facebook
ရန်ကုန်ကနေသွားရင် ဝါးကတုတ် တမံက ကားလမ်းရဲ့ ညာဘက် အနောက်ဘက်ခြမ်းမှာရှိတယ်ဗျ။ မိုင်တိုင် ၄၂-၄၃ ကြားမှာတွေ့တာဆိုတော့ - ၄၄-၄၅ မိုင်မှာ ဝါးကတုတ် ရေလှောင်တမံ ရှိတယ်ဗျ ဘုရားကြီးရဲ့ အနောက်မြောက် ယွန်းယွန်း ၈ မိုင် ကျော်ကျော်လောက်မှာ ရှိတယ်၊ ကျနော်တို့ နိုင်ငံထဲကိုဖြတ်တဲ့ tectonic plate boundary က အဲဒီ ဝါးကတုတ်တမံ အပေါ်က တည့်တည့် ဖြတ်နေတာ တွေ့ရပါတယ်။ ကိုညီတို့တွေ့တဲ့နေရာက 96˚ 26' 59.02" E , 17˚ 31' 44.16" N နဲ့ 96˚27' 11.29" E , 17˚ 30' 53.15" N ကြားမှာ ဖြစ်နိုင်ပါတယ် ၊ ဝါးကတုတ်တမံက 96˚27' 14.46"E , 17˚34' 15.04"N ဖြစ်ပါတယ်။
ကြွက်တွေက အရှေ့ဘက်ကနေ အနောက်ဘက်ကို ရွှေ့ကြတာဆိုရင် ကားလမ်းမကြီးရဲ့ အရှေ့ဘက် ခြမ်းမှာ အဲဒီ ဝါးကတုတ်တမံရဲ့ ရေလွှဲမြောင်း ရှိနေပါတယ် ရေပိုရေလွဲမြောင်းတွေပါ...။
၁) မျှစ်ရာသီမို့ စားကျက်ပြောင်းသလား (မဖြစ်နိုင် ..မျှစ်ဆို အနောက်က အရှေ့ကို ကားရမှာ။
၂) ငလျှင်ကြောင့်လား (ဖြစ်နိုင်)
၃) တမံ ရေပိုမြောင်းက မိုးကြီးလို့ ရေလျှ့ကုန်သလား (ဒါလဲဖြစ်တော့ ဖြစ်နိုင်)
ကိုညီရေ ဒါကို ကည့်လိုက်ဗျို့...
http://mmweather.com/news/images/171.jpg?1277782231
@Myat Thwin said on my facebook
၂၀၀၉-ခုနှစ်အကုန်လောက်မှာ မြန်မာနိုင်ငံ ဒေသတော်တော်များများတွင် ၀ါးပင်မှ ၀ါးပွင့်များ ပွင့်တာတွေ့ရှိရပါသည်။ (မှတ်ချက်။ ။ ၀ါးပင်သည် ၀ါးပွင့်ပွင့်ပြီးလျှင် ၀ါးပင်များ သေကုန်ကြသည်။)
ထိုဝါးပွင့်များ/၀ါးသီးများကြွေကျသည့်အခါ ကြွက်များစားသောက်၍ ကြွက်ဦးရေပိုမိုတိုးပွားကြောင်း ကြားဘူးပါသည်။ အိန္ဒိယနိုင်ငံတွင်လည်း ကြွက်များပေါကာ ကြွက်နှိမ်နင်းများ လုပ်ကြရကြောင်း သိရပါသည်။
ဟုတ်တယ် ၀ါးပွင့်ရင် အဲ့လိုပဲ ကြွက်တွေအုပ်လိုက်ရွေ့လျားသွားလာကြတယ်လို့ ဖတ်ဖူးပါတယ် ..
အုပ်လိုက်ကြီးမြင်တုန်း ကွန်နဲ့ပစ်၊ အရေခွာ၊ ကြပ်တင်
ဈေးကွက်ထဲပို့ရမှာ .. လယ်ကြွက်ဖြစ်ကြောင်းလည်း
ဓါတ်ပုံပါပီးသား ဟီးဟီး
@Myat Thura said on my facebook
ဟုတ်တယ် ကို ညီလင်းဆက် .. ကျနော်လဲ ၂၆ ရက်နေ့ညနေ နေပြည်တော်ကပြန်လာတာ ..ညပိုင်း လမ်းမှာ ကြွက်အုပ်ကြီးလမ်းဖြတ်ကူးနေတာတွေ့ခဲ့တယ် .. ကိုယ့်မျက်စိကိုယ် ယုံတောင်မယုံဘူး..ကားနဲ့နင်းမိတာလဲ အများကြီးပဲ .. ဘာကြောင့်လဲဆိုတာ သိရရင်လဲ ရှယ်ပေးပါအုံးဗျာ ..
ပုရွက်ဆိတ်တွေ မြေကြီးထဲက အလုံးအရင်းနဲ့ထွက်ရင် ငလျင်လှုပ်တတ်တယ်လို့ တြော့ကားဘူးတယ်။ ဝါးေ တာထဲမှာ ဝါးပင်တွေပွင့်ရင် ကြွက်တွေအဲလို အုပ်လိုက်ကျတတ်တယ်လို့ ဖတ်ဘူးတယ်။
ဘယ်လိုဘြဲဖစ်ဖြစ်ကျန်းမာရေးရှုထောင့်ကကြည့်ရင်
ကြောက်စရာဘဲ။ကားလမ်းပေါ်ကအညစ်အကြေး
တွေအချိန်မီရှင်းလင်းနိုင်ပါ့မလား စိုးရိမ်မိတယ်။
ဒါနဲ့စကားမစပ် ကိုညီလင်းဆက်ရဲ့စာမှာရေးချတွေ
အကုန်လုံးဘာလို့ မောက်ချတွေဖြစ်နေတာလဲဟင်။
ကြွက်တို့၏ မာယာပေါ့ ကိုလင်းဆက်ရယ်..။ တိုင်တန်းနစ်ရုပ်ရှင်ထဲမှာတောင် .. သင်္ဘောမြုပ်ခါနီး ကြွက်တွေ အပြုံလိုက် လူတွေရှေ့ကနေ အရင်ပြေးကြတာ မပါမနေ ထည့်ရိုက်ပြသွားတာပဲ။ အခုလည်း..................။
ဘာပဲပြောပြော ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံကလူတွေ အေးချမ်းကြပါစေ....
ဘာပဲဖြစ်ဖြစ် စိတ်ရင်းအမှန်နဲ့ ဆုတောင်းနေမိတာ အမိ့မြေအေးချမ်းပါစေဗျာ..........
မှတ်ချ အနိရောင်ဖြင့် ရေးသားထားသောစာသားများနှင့်
အကို့ကြိုးစားမှု့ကို အားပေးလေးစားနေပါတယ်
ငလျှင်လှုပ်ရင်တော့ပြည်သူ့ဘဏ်နာနဲ့ဆောက်ထားတဲ့ဟာတွေပျက်ကုန်တော့မှာပဲ။ အင်း... ဥစာချောက်တဲ့ပြသနာကလဲမသေးသဗျ
သတင်းသွားယူတဲ့ ခင်ဗျားကို ဆေးအရင်စစ်မယ်
ပုလိပ်များ သယ်လာသလား မသိဘူး ..... :P
ဘာဘဲဖြစ်ဖြစ် ခုလိုသိရတာ အထူးဆန်းပါဘဲ
သူတို့ လဲ သူတို့ အကြောင်းနဲ့ ပေါ့
လစာကောင်းတဲ့ တနေရာကိုရွေ့  ပြောင်းအလုပ်
လုပ်ကြတာဖြစ်မှာ
နေပြည်တော်ကားလမ်းပေါ်မှာ.... ဆိုတော့ ကျပ်ပြေးနေပြည်တော် နားမှာလို့ပဲ ထင်လိုက်မိတာ။ မြေပုံကြည့်တော့မှ ပဲခူးနားမှာမှန်း သိတယ်။
ကိုညီလင်းဆက်ရေ
သတင်းအတွက်ကျေးဇူးတင်ပါတယ်၊ ကျနော့အထင်တော့ သူတို့မြေအောက်မှာ တခုခု စမ်းသတ်ပုံရတယ်။ နူကလီးယားနဲ့ပါတ်သက်တဲ့စမ်းသတ်မှုဖြစ်ပြီး ရေဒီယိုအက်တစ် ဓါတ်ကြွလာတာကို မထိန်းနိုင်လို့ ဖြစ်တာဆိုရင်တော့ ပြည်သူတွေအတွက်ရင်လေးစရာဘဲဗျာ၊ မြေအောက်မှာနေတဲ့ ကြွက်တွေက အရင်သိမှာဘဲလေ ဒါသဘာဝဘဲ။
နမိတ်အနေနဲ့ပြောရရင်တော့ သူတို့ပြေးတော့မယ်ဗျ ပြေးရင်းနဲ့ ဇာတ်တူသားစားကြလိမ့်မယ်မှတ်တယ်။
ရန်ကုန်မှာလဲ ပုလိပ် ရောဂါ စတင်ဖြစ်ပွားနေပြီ လို့ တော့ သတင်းကြားတယ်ဗျ...။
Rats, weasels, snakes, and centipedes reportedly left their homes and headed for safety several days befor a destructive earthquake.
Very few humans notice the smaller P wave that travels the fastest from the earthquake source and arrives before the larger S wave. But many animals with more keen senses are able to feel the P wave seconds before the S wave arrives. (http://earthquake.usgs.gov/learn/topics/animal_eqs.php).
The Chinese started recording unusual animal behavior and successfully predicted an earthquake in Heichang,China 1975 as 3 months before it struck by following notices (http://www.chipr.sunysb.edu/eserc/Wise/HSspr2002/QuakePrediction.html).
1) Over a period of months, changes in land elevation and ground water levels
2) Widespread accounts of peculiar animal behavior
3) Regional increase in seismicity (which later was recognized as foreshocks) had triggered a low-level alert.
4) Increase in foreshock activity triggered the evacuation warning.
There are several methods to predict earthquake, just type "Earthquake prediction" in search engine.
Pls see article "Potential Hazard of EQs in Myanmar" by following blog
(http://www.tintlwinswe.blogspot.com/).
အဲဒိကြွက်အုပ်ကြီးကို သတင်းဖတ်ပြီး ကတည်းက မြင်ဘူးချင်နေတာ.. တော်တော် အသည်းယားစရာ
ကောင်းမှာပဲ...
ခင်တဲ့
ယွန်း
Post a Comment
Trackbacks
Leave a trackback