ကော့ဂွန်းဂူဟာ မြောက်လတဿတီတွဒ် ၁၆.၈၂၂၇၆ အရှေ့လောင်ဂျီတွဒ် ၀၉၇.၅၈၅၇၅ ဒီဂရီမှာ တည်ရှိပာတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့ကနေ ၂မိုင်လောက် အကွာ ရန်ကုန်ကနေသွားရင် ဘားအံမြို့မဝင်ခင်ပော့။ ထူးခြားချက်က ဒီထုံးကျောက်ဂူကြီးမှာ ဘုရားအဆူပောင်းများစွာ ပူဇှောထားတာပာပဲ။ ပင်းတယဂူတို့၊ ကလောရွှေဥမင်ဂူတို့နဲ့ မတူတာက ကော့ဂွန်းဂူမှာ ပူဇှောထားတဲ့ ဘုရားတွေက အရွယ်အစား သေးသေးနဲ့ ထုံးကျောက်ဂူနံရံအနှံ့မှာ ကပ်ပြီး ပူဇှောထားလို့ပာပဲ။ အဲဒီတဝိုက်မှာ ကော့ဂွန်းဂူလိုပဲ ရသေ့ပျံဂူ၊ ဘားကပ်ဂူ၊ ဘုရင့်ညီဂူ၊ ဆဒဿဒန်ဂူ၊ ဝဲပျံဂူ စတဲ့ ဂူတွေဟာလည်း ထင်ရှားပာတယ်။ ဒီဂူတွေ အားလုံးမှာ မြေမီးဖုတ် အုတ်ခွက်ဘုရားတွေကို တွေ့နိုင်ပာတယ်။ အဲဒီအထဲမှာမှ ကော့ဂွန်းဂူဟာ ယဉ်ကျေးမှု အမွေအနှစ် အများဆုံး ဂူတစ်ခု ဖြစ်ပာတယ်။ တကယ်တော့ ကော့ဂွန်းဂူဟာ အလျားပေ ၁၃၀၊ အနံပေ ၇၀၊ အမြင့် ၂၅ပေ လောက်ပဲရှိပြီး သိပ်ကြီးမားတဲ့ ဂူအမျိုးအစား မဟုတ်ပာဘူး။ ဒာပေမယ့် များပြားလှတဲ့ ဘုရားတွေကို ထုံးကျောက်ဂူနံရံမှာ လက်ရာမြောက်စွာ တည်ထား ပူဇှောထားတာက အံ့မခန်းပာပဲ။
မတိကျတဲ့ သမိုင်းအရတော့ ဒီထုံးကျောက်ဂူတွေမှာ အခုလိုဘုရားတွေ တည်ခဲ့တဲ့သူက မွန်ဘုရင်မနူဟာရဲ့ မုတဿတမမိဖုရားလို့ ဆိုပာတယ်။ ပုဂံကို မနူဟာ ပာလေတော့ မုတဿတမမိဖုရားက ရှောင်တိမ်းပြီး ဒီဂူတွေမှာ ပုန်းအောင်းနေရတဲ့ ကာလမှ ဒီဘုရားတွေကို တည်ခဲ့တာလို့ ဆိုပာတယ်။ ဒီဂူ ဘယ်လောက်အထိ ထင်ရှားလဲဆိုရင် ၁၈၂၇ ဗြိတိသျှသံအမတ် ဂျွန်ကရောဖို့ မြန်မာပြည် လာစဉ်ကတောင် အဲဒီကို သွားခဲ့ဖူးသတဲ့။ ၁၈၃၅မှာ ရစ်ချက်တန်ပယ်၊ ၁၈၃၆မှာ ဆရာယုဒသန်တို့လည်း သွားရောက် လေ့လာခဲ့ကြတယ်။ အဲဒီမှာ ဘုရားတွေအပြင် မင်စာတွေ၊ ကျောက်စာတွေလည်း တွေ့နိုင်ပာတယ်။ မင်စာ ခုနစ်ခုနဲ့ ကျောက်စာတစ်ခု ရှိပာတယ်။



























































8 Responses to “ကော့ဂွန်းဂူ”
စိတ်နာနာနဲ့ ပုံတွေ တင်ထားသလား အောင်းမေ့ရတယ်...။
ဖလစ်ကာပေါ် တင်ထားပါလား...။
တစ်ခါမှမရောက်ဖူးတော့ ပုံတွေမြင်ရတာ ကြည့်ရတာ တန်တယ်...။
စကားမစပ်... ဝဲလ်ကမ်းဘက်ပါ...။
ကိုညင်းဆက်ရဲ့ ပို့စ်တွေကို ဖတ်ရရင် တစ်ခုခုတော့ ရသွားတာပဲ။ အခုလည်း ပုံတွေ ကြည့်ရတာ ကိုယ်တိုင် ရောက်သွားသလိုပဲ။ အားရင် နောက်ထပ်ပို့စ်တွေ ထပ်ရေးပါဦး။ မျှော်နေမယ်နော့။
ကျေးဇူးတင်. ဂုဏ်ယူ. ဝမ်းမြောက်.။ အံသြ. မရောက်ဘူး. အများသိ..စေရန် ဆန္ဒများဖြစ်. တိမ်မြုပ်နေသလိုခံစားရ. ကိုယ်တိုင်ဗဟုသုတနည်းပါးလို့လည်းဖြစ်နိုင်.. ဒါ ငါတို့မြန်မာနိုင်ငံ ကပါဆိုတာကို ဂုဏ်ယူချင်. တိုင်းတပါးသို့. tourist attraction ဖြစ်စေချင်.. ဒါလောက်မကောင်းတာတွေ attraction ဖြစ်နေတာတွေ တိုင်းတပါးမှ မြင်နေရ. ငါတို့တွေ လုပ်စားတတ်ဘို့လိုသေးတယ်လို့ခံစားရ..ဟေ့ (ပေါ့) ဟုဖတ်ပါ. (ဘားအံမြို့မဝင်ခင်ပော့။)
Thank you for this post!
ကော့ကွန်းဂူကိုအေးအေးဆေးဆေးရောက်ဖူးပေမယ့် မင်စာတွေ ကျောက်စာတွေ၇ှိမှန်းခုမှ သိရတယ်။
အကြွေးကျေဘုရားလို့ ဘွဲ့တပ်ထားတဲ့ ဘုရားတစ်ဆူလည်း ရှိတယ်ထင်တယ်။
I had never been arrived at ကော့ကွန်းဂူ.
Thank for sharing.
Excellent photos.
BINO
၁၉၉၈ လောက်က ရောက်ဖူးတယ်။ မယ်တော်မာယာ သားတော် ဖွါးခန်းရုပ်တွေက အပြင်က သယ်လာတာ၊ မူလက မရှိပါဘူး။ ဒေါက်တာနိုင်ပန်းလှက တစ်ခါတုန်းက စောင်းပါးရေးဖူးတယ်။ ၁၉၉၀ လောက်ထင်တယ်။ မမှတ်မိတော့ပါ။
ဓာတ်ပုံတွေကြည့်ရတာ အားရစရာဗျာ...။ တစ်ခေါက်လောက်တော့ မရောက်ရောက်အောင် သွားဦးမယ်ဗျိုး...
Post a Comment
Trackbacks
Leave a trackback