ရန်ကုန် အိမ်တှောရာဘုရားဆိုတာ သာယာဝတီမင်း ရန်ကုန်ရောက်တဲ့အခာ ခေတဿတနေထိုင်တဲ့ မြေပှောမှာ သားတော်ဖြစ်တဲ့ ပုဂံမင်းက တည်ထားခဲ့တဲ့ ဘုရားပော့၊ အခု မြို့မကျောင်းလမ်း အိုရီယမ်တယ်ဟောက် နားမှာ ရှိတာ။ ၂၂ မေ ၁၉၁၃ မှာမှ ထီးတင်ပွဲ ကျင်းပခဲ့တယ်လို့ သိရတယ်။ ပုဂံမင်းကတော့ ထီးမတင်ဘဲ ထားမှာ မဟုတ်ပာဘူး။ အကြောင်းအမျိုးမျိုးကြောင့် ထီးတှောအသစ် တင်တာ ဖြစ်ပာလိမ့်မယ်။ မနဿတလေး အိမ်တှောရာ ဘုရားမှာတော့ ၄ အောက်တိုဘာ ၁၉၁၉ ဘုရားပွဲ ကျင်းပနေတဲ့အချိန် မနဿတလေး ရာဇဝတ်ဝန် ဘလော့ဟင် (Bloxhin) ဘုရားထဲ ဖိနပ်စီးဝင်လို့ ရဟန်းတှောတစ်ပားက ဓားနဲ့ခုတ်သတဲ့။ ဦးဘကလေးရဲ့ ကာတွန်းကြောင့် ဘုရားပှောမှာ ဖိနပ်မစီးရေး တိုက်ပွဲတွေ ပြင်းထန် သတင်းစာတွေကနေ တားမြစ် ကြေညာချက်တွေ ထုတ်ပြန်လို့ အုန်းအုန်းကျွက်ကျွက် ဖြစ်နေကြချိန်မှာ၊ အဂဿငလိပ်အစိုးရကတောင် သတင်းစာဆရာတွေဆီကို ဘုရားပုထိုးစေတီ ဥပစာအတွင်းမှာ ဥရောပတိုက်သားတွေ ဖိနပ်စီးတက်တာနဲ့ ပတ်သက်ပြီး သတင်းစာတွေမှာ ဝေဖန်ချက်တွေ မရေးသားဖို့ တားမြစ်နေရချိန်မျိုးကြီးမှာမှ သွားယားတဲ့ ဘလော့ဟင် အခုတ်ခံရတာ နဲတောင် နဲသေးတယ် ဆိုရမယ်ထင်ရဲ့။ ဒီဘုရားဟာ ဟိုးရန်ကုန်မြို့ဟောင်း အတွင်းမှာ ပာတယ်။ အရင်ကတော့ သူ့နောက်မှာ မြို့ရိုးတပိုင်းတစကို မြင်ရသေးတယ်လို့ ဆိုပာတယ်။
ငယ်ငယ်တုန်းက ကျောင်းမှာ ချင်းအမျိုးသား တှောလှန်ရေးခောင်းဆောင် ကြွမ်ဘိ(စ်) ဆိုတာ သင်ရတယ်။ သူနာမည်ကို အဂဿငလိပ်က မှတ်တော့ ဆွန်ပက် ဖြစ်သွားရော။ ရန်ကုန်မြို့လယ်က ဗိုလ်ဆွန်ပက်လမ်းဟာ ကြွမ်ဘိ(စ်)ကို ဂုဏ်ပြုထားတဲ့ လမ်းပော့။ ဖလမ်းနယ်က ကြွမ်ဘိ(စ်)နဲ့ ဆွန်ပက် ဆိုတာ တစ်ယောက်တည်းပဲဆိုတာ မသိကြတဲ့ သူတွေ အများကြီးဖြစ်မယ် ထင်မိတယ်။ ၁၁ ဧပြီ ၁၉၁၀ မှာ သူကွယ်လွန်တယ်။ အရင်တုန်းက အဲဒီလမ်းက စစ်ကဲမောင်ထှောလေးလမ်းဆိုပြီး နာမည်ပေးထားတာ။ စစ်ကဲကြီးမောင်ထှောလေးက အဂဿငလိပ်အစိုးရကို အကျိုးပြုခဲ့သူမို့ နောင် လွတ်လပ်ရေး ရချိန်မှာ သူ့အစား ဗိုလ်ဆွန်ပက်ကို ဂုဏ်ပြုခဲ့ပုံရတယ်။
တောပုန်းကြီးစံဖဲကို မောင်းမဆည်ရွာအနီးမှာ ငှက်ဖျားနဲ့ လဲနေတုန်း ဖမ်းမိတယ်လို့ဆိုတော့ ဘယ်က မောင်းမဆည်ရွာ လည်းမသိ၊ ကိုယ့်မှာရှိတဲ့ မြို့ရွာအဘိဓာန်ထဲ ရှာကြည့်တော့ မောင်းမဆည်ရွာ နာမည် တစ်ခုပဲ တွေ့ရတယ်။ အခု မနဿတလေးတိုင်း၊ မိတဿထီလာခရိုင်၊ သာစည်မြို့နယ်၊ ကန်ရှည်ကျေးရွာစုထဲ ပာတဲ့ မောင်းမဆည်ရွာ။ ဗိုလ်စံဖဲ ၁၁ ဧပြီ ၁၉၂၈ မှာ မြင်းခြံထောင်ထဲ ကြိုးပေးခံရတယ်။
ဟိုးအရင်တုန်းက ရန်ကုန်တိရိစဿဆာန်ဥယျာဉ်က အခု ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ရှိသတဲ့။ ဒာကို ၁၉၀၄ မှ အခု ကန်တှောလေးနေရာကို ပြောင်းခဲ့တာ။ နာမည်က ဝိတိုရိယဘုရင်မ အထိမ်းအမှတ်ဥယျာဉ်တဲ့။ အဲဒီဥယျာဉ် အနောက်မြောက်ထောင့် အခုကျောက်တုံးကြီး လုပ်ထားတဲ့ဘက်မှာ ဟိုးတုန်းက အဂဿငလိပ်သခဿငျိုင်းရှိတယ်။
ကန်တှောလေး အခု အောင်ဆန်းကွင်းနေရာနဲ့၊ ဖဆပလ နေရာကြီးမှာ အရင်တုန်းက ရေအိုင်ကြီး နှစ်အိုင် ရှိခဲ့တယ်။ မြောက်ဘက် ဖဆပလ ရပ်ကွက်ကြီးနေရာက အိုင်ကို ကန်တှောကလေးအိုင် (Kandawgalay Tank) လို့ ခှောပြီး တောင်ဘက်အိုင်ကို ဒိုဘီလိုင်းသစ်အိုင် (New Dobie Tank) လို့ ခှောတယ်။ အရင်တုန်းက ဒိုဘီ ကုလားတွေ အဝတ်လျှောကြတဲ့ နေရာတဲ့။ ကန်တှောကြီးပတ်လမ်းနဲ့ အထက်ပန်းဆိုးတန်းလမ်းထောင့် အခု ဆက်မဆောက်တော့တဲ့ တိုက်ကြီးနှစ်လုံး နေရာက Chinese Market Garden နာမည်နဲ့ ဥယျာဉ်ကြီးပဲ။ ရွှေတိဂုံဘုရား အရှေ့မြောက်မုခ်က သွေးဆေးကန်ကိုတော့ ဆင်ကန်လို့ ခှောကြတဲ့။
သေပန်းပွင့်တာ လှတဲ့ အထဲမှာ တူသာသင်း ဂိုဏ်းက ဦးဘတူကို ဘယ်သူမှ မီမယ် မထင်ဘူး။ ၃၀ ဇန်နဝါရီ ၁၉၃၃ ဘုရင်ခံအိမ်တှော အစည်းအဝေး ကျင်းပနေတဲ့အချိန် ရုတ်တရက် လေဖြတ်လဲကျပြီး ဘုရင်ခံရဲ့ အိပ်ယာကုတင်မှာ တင်ထားချိန်ကျမှ ကွယ်လွန်ခဲ့ပာသတဲ့။ ဘုရင်ခံ မဖြစ်လိုက်ပေမယ့် ဘုရင်ခံရဲ့ ကုတင်မှာ ကွယ်လွန်သူကြီးပော့။ အဲဒီအချိန် မြန်မာပြည် ဘုရင်ခံက ဆာဟူး(ဂ်ျ)လင်းစဒေါင်း စတီဖင်ဆင် (Sir Hugh Lansdown Stephenson) ၂၃ ဒီဇင်ဘာ ၁၉၃၂ မှာမှ ဘုရင်ခံဖြစ်လာခဲ့တဲ့သူ။ ထီပောက်သွားတယ် ဆိုရမှာပော့။ တူသာသင်း အသင်း ဆိုတာက ဦးဘတူ၊ ဆာဘိုးသာ၊ ဝတ်လုံတှောရဦးသင်း တို့ တည်ထောင်ထားတာ။ ဦးဘတူ ဆိုတာကလည်း ပြောရရင် အစဉ်အလာနဲ့ လူပာပဲ။ ဦးဘတူဟာ နှစ်ပောင်းများစွာ အစိုးရအမှုထမ်းခဲ့၊ အငြိမ်းစားယူခဲ့ပြီးနောက်မှာတောင် လက်ရှိ ဘုရင်ခံရဲ့ မင်းတိုင်ပင်အမတ် ဖြစ်နေပာသေးတယ်။ ကျောင်းပြဋဿဌာန်းစာတွေမှာ အစိုးရအပှော ကြည်ညိုစိတ် ပိုလာအောင် ထည့်သွင်းရေး ဘုတ်အဖွဲ့မှာလည်း ဥကဿကဋဿဌ လုပ်ခဲ့ဖူးပာတယ်။ နောက်ဆုံး အထက်မြန်မာပြည်ကို အဂဿငလိပ်တို့သိမ်းတော့ ညောင်ရမ်းမင်းသား ပာလာတယ်ဆိုပြီး အဂဿငလိပ်တို့ လှေဦးမှာ တင်ခှောလာခဲ့တဲ့သူက ဦးဘတူရဲ့ ညီ ဦးဘသန်း ဖြစ်တယ်လို့လည်း ဆိုကြပာတယ်။
အလံနီကွန်မြူနစ်ပာတီ ဌာနချုပ်က အခု စမ်းချောင်း မဂဿငလာလမ်း အမှတ် ၁၁။ သခင်စိုးဟာ ဦးသိန်းဖေ(မြင့်) တို့နဲ့ သဘောထား မတိုက်ဆိုင်လို့ ၉ မတ် ၁၉၄၆ မှာ အခြားအပောင်းအပာ ၆ ဦးနဲ့အတူ ကွန်မြူနစ်ပာတီကနေ နှုတ်ထွက်ပြီး ကွန်မြူနစ်ပာတီ (ဗမာပြည်) ဆိုပြီး ပာတီသစ် ခွဲထူထောင်တယ်။ အဲဒာပာတီက နောက်ပိုင်း အလံနီကွန်မြူနစ်ပာတီဆိုပြီး ဖြစ်လာတယ်။ အဲလိုကွဲပြီး တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း အပြစ်တွေ ဖို့ကြတယ်။ အဲလို ကွဲတာကို ပြည်သူ့လွတ်လပ်ရေး (ဆိုရှယ်လစ်) ပာတီ အထွေထွေအတွင်းရေးမှူး ဦးဗဆွေက ကွန်မြူနစ်ပာတီ နှစ်ခြမ်းကွဲခြင်းဟာ အချောင်သမားဂိုဏ်းနဲ့ အယူသည်းဂိုဏ်း ဗိုလ်လုလို့ ကွဲတာဖြစ်တယ်လို့ သဘောထား တစ်ရပ် ထုတ်ပြန်ခဲ့တယ်။ ဦးသိန်းဖေကို ဘရောဒာဝာဒီသမား၊ အချောင်သမားရယ်လို့ သမုတ်ကြပြီး၊ သခင်စိုးကိုတော့ ကွန်မြူနစ်အယူသည်း သမားလို့ မှတ်ယူကြပုံပဲ။ မှတ်သားစရာပဲ။
စာတွေဖတ်ရင်း ဗိုလ်ချုပ်အောင်ဆန်းကို မနှစ်သက်တဲ့ လူမျိုးတွေကိုလည်း တွေ့လာရတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဂျပန်ခေတ်က သထုံခရိုင်၊ ပောင်မြို့နယ်၊ သဲဖြူကုန်းရွာ ရွာသူကြီး အဗဿဗဒူရာရှစ်ဇ်ကို သတ်မှုနဲ့ ဖမ်းဆီးဖို့ရာ လက်ထောက်ချတဲ့သူက သခင်ထွန်းအုပ်။ သခင်ထွန်းအုပ်လိုပဲ ဂဠုန်ဦးစောကလည်း ဘုရင်ခံ ဆာဒှောမန်စမစ်ကို ဘာလို့ အောင်ဆန်းကို မဖမ်းသေးတာလဲဆိုပြီး မေးခွန်း ထုတ်ခဲ့သေးတယ်။ ဒာပေမယ့် ဘုရင်ခံဆာဒှောမန်စမစ်က ပားနပ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းရင် မြန်မာတစ်နိုင်ငံလုံး ဆူပူလှုပ်ရှားလာနိုင်လို့ ဖမ်းဆီးမည့်ကိစဿစကို သဘောမတူကြောင်း ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက်ပိုင်း အဲဒီသူကြီးရဲ့ မိန်းမ မအမာ ဆိုသူက သူ့ယောက်ျား အသတ်ခံရတာကို မကျေနပ်လို့ မြန်မာနိုင်ငံ ဘုရင်ခံ၏ကောင်စီ အတွင်းရေးမှူးဆီ တိုင်စာပို့တဲ့ ကိစဿစမှာ အဲဒီလူတွေရဲ့ ပယောဂ မကင်းဘူးလို့ ထင်မိတယ်။ ၂၄ မေ ၁၉၄၆ ဗိုလ်ချုပ်က ဘုရင်ခံကို သွားတွေ့တော့ စကားစမြည် ပြောရင်း ဘုရင်ခံက အဲဒီကိစဿစကို မေးတယ်၊ ဗိုလ်ချုပ်ကလည်း သူလုပ်ခဲ့တဲ့အကြောင်း ဗြောင်ပြောတယ်။ ဘုရင်ခံကလည်း ခေသူတော့မဟုတ် အဲဒီ ဦးစောရော သခင်ထွန်းအုပ်ရောကို ဘုရင်ခံအမှုဆောင်ကောင်စီမှာ ဝန်ကြီးရာထူးတွေ ပေးပြီးမွေးထားလိုက်တယ်။ ဒောက်တာဘမှောကလည်း ဗိုလ်ချုပ်အောင်ဆန်းကို သိပ်သဘောကျပုံတော့ မရဘူး။ သူရေးတဲ့ Break Through In Burma ဆိုတဲ့ စာအုပ်ကိုဖတ်တော့ ရဲဘှောသုံးကျိပ်ထဲမယ် အားလုံးထက် ဗိုလ်ရန်နိုင်ကို ချီးမွမ်းခန်း အတှောဖွင့်ထားတာ တွေ့ရတယ်။ နောက်တော့မှ ဗိုလ်ရန်နိုင်က သူ့ကိုယ်ရံတှော လုပ်ခဲ့တဲ့သူဖြစ်မှန်း သိရတော့တယ်။ သိပ်တှောလွန်းလို့ ထင်ပာရဲ့ သူ့သမီးနဲ့တောင် ပေးစားပြီး သားမက်တှောခဲ့တယ်။ ဒီဘက်ခေတ်မယ်တော့ အဲဒီစာရင်းထဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ထည့်ရမယ် ထင်တယ်။ သူ့လက်ထက်မှာပဲ ပိုက်ဆံတွေလည်း ပုံပြောင်းကုန်တယ်။ အခန်းထဲက ပုံတွေလည်း ဖြုတ်ကြရတယ်။
ကွန်မြူနစ်တွေ ဆင်စွယ်ရွာ လူသတ်ပွဲဆိုတာ ဘာဟုတ်သေးလဲ။ ဂျပန်ခေတ်တုန်းက မှောလမြိုင် ကုလားကုန်းရွာ မဟာမိတ်လေထီးစစ်သားတွေကို အကူအညီပေးလို့ဆိုပြီး ၈ ဇူလိုင် ၁၉၄၅ မှာ အစုလိုက်အပြုံလိုက် အသတ်ခံရတာက ပိုဆိုးတာပော့။ အဲဒီရွာမှာ အိမ်ခြေ ၁၃၀ နဲ့ လူဦးရေ ၇၀၀ လောက် ရှိသတဲ့။ ၆၃၇ ဦး သတ်ဖြတ် မီးရှို့ ခံရတယ်။ အမိန့်ပေးတဲ့သူက ဗိုလ်မှူး အိချိကာဝ၊ အကောင်အထည် ဖှောတဲ့သူက ဗိုလ်ကြီးဆကာမာကိ။
အင်္ဂလိပ်ခေတ်က ဆာဘွဲရတဲ့ မြန်မာတွေ ဘယ်နှစ်ယောက်ရှိတယ် အတိအကျ မသိဘူး။ မှတ်သားမိသလောက်တော့ ဆာဘိုးသာ (သူဌေး)၊ ဆာစံစီဖိုး (ဆရာဝန်)၊ ဆာဂျေအေမောင်ကြီး (ခေတ္တဘုရင်ခံ)၊ ဆာပေါ်ထွန်း (ပြည်ထဲရေးနှင့် တရားရေးဌာန)၊ ဆာထွန်းအောင်ကျော် (ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန)၊ ဆာဘဦး (ဒေါက်တာဘဦး၊ သမဿ္မတ)၊ ဆာမောင်ဘ၊ ဆာမောင်ခင်၊ ဆာစောချယ် (သီပေါစော်ဘွားကြီး)၊ ဆာစ၀်မောင်(စောမောင်)၊ ဆာဦးသွင်၊ ဆာမြဘူး (တရားရေးဝန်ကြီး)၊ ဆာရီအလိမ်(သစ်တောဝန်ကြီးချုပ် ၁၉၂၆)
Last Updated: 27.04.2012
Last Updated: 27.04.2012



One response to “တိုတိုထွာထွာသမိုင်း”
ဖတ်လို့ကောင်းတဲ့တိုတိုထွာထွာသမိုင်းပါဘဲ။ ရှည်ရှည်လျားလျားသမိုင်းတွေဖတ်မှတ်ရအောင် နောင် များမှာ link ရှိရင် ထဲ့ပေးပါဦး။
Post a Comment
Trackbacks
Leave a trackback